"ငွေဆောင်ကမ်းခြေမှာ Relax လုပ်မယ် Snorkelling လုပ်မယ်"🌊🌊🌊🏄🏄🏊
ခွာညိုကို အကြိုက်ဆုံးကမ်းခြေကို ပြခိုင်းရင် Ngwe Saung beach ကိုပဲ ပြချင်တယ်။ ငွေဆောင်က ဧရာဝတီတိုင်း ပုသိမ်မြို့ မှ အနောက်ဘက်၄၈ကီလိုမီတာ(၃၀) မိုင် အကွာ ဘင်္ဂလားပင်လယ်အော် ကို မျက်နှာမူလျက် တည်ရှိပါသည်။ရန်ကုန်ကနေ ကားနဲ့ သွားမယ်ဆိုရင် ၅ နာရီကြာလောက်တော့ စီးရပါမယ်။ ငွေဆောင်သွားမယ်ဆိုရင် အဓိက ရွေးချယ်ရမှာက Hotel ကောင်းကောင်းကိုပါ။ ငွေဆောင်မှာ credit ပေးချင်တဲ့ ဟိုတယ်တွေရှိပါတယ်။
No.1 -Aureum Palace Ngwe Saung hotel ပါ။ ကမ်းခြေရဲ့ အရသာကို အပြည့်အဝ ပေးစွမ်းစေမှာပါ။ ဟိုတယ် ရဲ့ တည်ဆောက်ပုံက ကမ်းခြေနဲ့ အလွန် ပနံတင့်လှပါတယ်။Ngwe Saung beach တစ်ခုလုံးရဲ့ ဈေးအကြီးဆုံး ဟိုတယ်လဲ ဖြစ်ပါတယ်။
No.2-Marina Yatch Club Resort ပါ။ ချစ်သူများကျွန်းကနေ နည်းနည်းသွားရင်ရောက်ပါတယ်။ Swimming pool နဲ့ ဟိုတယ် ရှုခင်းက အရမ်းလှပီး စိတ်ချမ်းသာစေပါတယ်။ US dollar နဲ့ ပေးဆောင်ရပါတယ်။ဟိုတယ်ခကိုး။ မြန်မာငွေနဲ့ လဲ ပေးဆောင်လို့ ရပါတယ်။ ဒါပင်မဲ့ မြန်မာငွေနဲ့ ပေးဆောင်ရင် နည်းနည်း ပိုပီးဈေးများပါတယ်။
No.3- Sunny Paradise Resort ပါ။ ကုမ္ပဏီတွေ အသင်းအဖွဲ့ တွေ အုပ်စုဖွဲ့ ပီး သွားလို့ကောင်းတဲ့နေရာပါ။ ဈေးကလဲ အသင့်အတင့်ပဲရှိပါတယ်။
No.4- Hotel ACE ပါ။ သူငယ်ချင်းတွေ စုပီး တည်းလို့ ကောင်းတဲ့နေရာပါ။ ချစ်သူများကျွန်းနဲ့  မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ဈေးသက်သာတယ် လို့ ပြောလို့ ရတဲ့ Hotel ထဲမှာပါပါတယ်။
Visit>>1
ငွေဆောင် ကနေ ဆင်စခန်းကို လဲ သွားရောက် လည်ပတ်နိုင်ပါတယ်။
ဖွင့်ချိန်-8:00 am to 11:00 am
ကား or ဆိုင်ကယ်နဲ့ သွားရောက်လည်ပတ် နိုင်ပါတယ်။ ဆင်တွေကိုလဲ ကိုယ်တိုင်ကိုယ်ကျ အစားကျွေးလို့ ရပါတယ်။
Visit>>2. ချစ်သူများကျွန်း က ငွေဆောင် ကမ်းခြေ ပေါ် မှာပဲ ရှိတဲ့ အတွက် လမ်းလျှောက် သွားရင်ကို ရပါတယ်။
Visit>>3. မြွေကျွန်းကို လျှောက်လည်ကျမယ်။ မြွေကျွန်းကို ဆိုင်ကယ်နဲ့ သွားတာ အကောင်းဆုံးပါ။ မြွေကျွန်းကကြည့်ရင် ချောင်းသာကို လှမ်းမြင် နေရပါတယ်။ ချောင်းသာက ဟိုတယ်အဆောက်အဦးလေးတွေကို လှမ်းမြင်နိုင်ပါတယ်။မြွေကျွန်းက နေ ချောင်းသာကို သွားရင် မိနစ် ၄၀ လောက်ပဲ ကြာပါတယ်။ချောင်းနှစ်ခုကိုဖြတ်ပီး သွားရပါမယ်။ တချို့ တွေဆို သွားကျတယ်နော်။ မြွေကျွန်း သွားရင်နဲ့  ဘုရားသုံးဆူပါ တစ်ခါတည်း ဝင်လို့ ရပါတယ်။ ဘုရားသုံးဆူကမ်းစပ်က သဲလေးတွေက ဖြူဖွေးပီး ပတ်ဝန်းကျင်က အရမ်းသာယာတိတ်ဆိတ်လှပါတယ်။ဘုရားသုံးဆူက Photographer တွေ အတွက် View အရမ်းလှတဲ့ နေရာပါ။ Photographer တွေ လက်စွမ်းပြလို့ ကောင်းတဲ့နေရာပါ။ ကမ်းခြေဘေးမှာ ထန်းပင်လေးတွေလဲ ပေါက်နေပါတယ်။ ထန်းရည်ချိုတွေ လဲ ဝယ်သောက်လို့ ရတယ်နော်။
Visit>>4. ကျောက်မောင်နှမ ဘုရား
ကား or ဆိုင်ကယ်ဖြင့် သွားနိုင်ပါတယ်။
Visit>> 5. ခွာညို အရမ်းကြိုက်တဲ့ကျွန်းလေး။ "ဌက်ကျွန်း" ပါ။ foreigner တွေ အရမ်းကြိုက်တဲ့နေရာပါ။ ဖူးခက်ကမ်းခြေတွေ ထပ်ကိုး Snorkelling လုပ်လို့  ကောင်းတဲနေရာလို့  ပြောကြတဲ့နေရာပါ။လှေနဲ့ သွားလို့ ရပါတယ်။ ဌက်ကျွန်းမှာ ရာသီဥတု သာယာတဲ့ ပွင့်လင်းရာသီတွေမှာ Snorkelling လုပ်လို့ ကောင်းပါတယ်။ ပင်လယ်ရေအောက်က သဲဖွေးဖွေးလေးတွေ ပင်လယ်ငါးလေးတွေ ကူးခတ် သွားလာနေတာတွေက အစမြင်ရပါတယ်။
Visit>>6.ကျွန်းရှည် (ကျွန်းယားကြီး ဒေသအခေါ်အဝေါ်)
ကျွန်းမှာ ကျောက်ပန်းခတ် ကျောက်စွယ်လေးတွေ နဲ့ အရမ်းကို လှပါတယ်။ စွန့် ဦးတီထွင်စွာ သွားချင်တဲ့သူတွေ အတွက် ဒီကျွန်းက အရမ်းသွားလို့ ကောင်းတဲ့နေရာပါ။ ဒါပင်မဲ့ အဲဒီနေရာတွေ သွားချင်ရင် ရေကူးတတ်ဖို့  or အသက်ကယ်အင်္ကျီဝတ် သွားဖို့ တော့ လိုပါတယ်။
ကမ်းခြေသွားရင် ကမ်းခြေမှာ ရေစိမ်ဖို့ပဲ အချိန်မကုန်စေပဲ နဲ့  ကျွန်းတွေကို လျှောက်သွားပီ သဘာဝ အလှအပတွေကို ခံစားဖို့  မမေ့ကြပါနဲ့ နော်😉
Photo Credit # Google Image / Facebook.com/Kyawkyi