Photo; Credit
ကျနော်ဟာ ဆေးပညာလေ့လာခြင်းကို အလွန်ဝါသနာပါသူဖြစ်သည့်အတွက် လေ့လာထားသမျှ ထိုးဆေး(Injection) စားဆေး(Tablet) များနှင့် ပတ်သတ်သည့် အကြောင်းများကို ဗဟုသုတအနေဖြင့် အစဉ်မပြတ်ပြန်လည် မျှဝေပေးသွားမှာ ဖြစ်ပါသည်ခင်ဗျာ။အမှားပါခဲ့လျှင် ကောင်းသောအမြင်ဖြင့် နားလည်ပေးသွားကြပါရန် ကြိုတင်၍ တောင်းပန်အပ်ပါသည်ခင်ဗျာ။
အားလုံးအတွက် ဗဟုသုတရရှိစေရန်အတွက် မျှဝေပေးခြင်းသာ ဖြစ်ပါသည်ခင်ဗျာ။တိုက်ဆိုင်မှုရှိခဲ့ရင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး မျှဝေပေးခြင်းသာဖြစ်ပါသည်ခင်ဗျာ။
ဒီတစ်ကြိမ် မျှဝေပေးမှာကတော့ (Aceclofenac) ဆေး၏ အသုံးဝင်ပုံအကြောင်းလေးကို တင်ပြပေးသွားမှာ ဖြစ်ပါသည်ခင်ဗျာ။
Photo;Credit
ဆေးအသုံးပြုရန် ရောဂါမှာ-
အဆစ်ရောင်ရောဂါ၊အဆစ်အမြစ်ကိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊ခြေလက်ကိုက်ခြင်း၊ကျောရိုးအဆစ်ရောင်ရောဂါနှင့်နာကျင်ခြင်းသက်သာရန်နှင့်အရောင်လျော့စေရန်အတွက် အသုံးပြုသော ဆေးဖြစ်ပါသည်။
ဆေးအသုံးပြုရန် အညွှန်းမှာ-
စားဆေးအဖြစ် အသုံးပြုမည်ဆိုပါက တစ်နေ့လျှင် နှစ်ကြိမ် 100mg သောက်သုံးနိုင်ပါသည်။ဆေးသောက်သုံးမည်ဆိုပါက အစာစားပြီးမှ သောက်သုံးရပါမည်။အစာမစားပဲ ဆေးသောက်သုံးခြင်း မပြုသင့်ပါ။
ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ-
ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊အစာအိမ်ရောင်ယမ်းခြင်း၊ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။ယားယံခြင်း၊အဖုအပိမ့်ထွက်ခြင်း၊အသက်ရှူကြပ်ခြင်း၊ဖောယောင်ခြင်းစသည့် ဆေးမတည့်ခြင်း လက္ခဏာများ ဖြစ်တတ်ပါသည်။ထို့အပြင် ဖြစ်နိုင်သော လက္ခဏာများမှာ အိပ်ငိုက်ခြင်း၊ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အိပ်မပျော်ခြင်း စသည်များလည်း ဖြစ်နိုင်ပါသည်။အစာအိမ်အနာဖြစ်ခြင်း၊အစာအိမ်သွေးယိုစီးဆင်းခြင်း၊အသည်းရောင် အသားဝါဖြစ်ခြင်းနှင့်ကျောက်ကပ်အားလျော့ခြင်းများဖြစ်လာပါက ဆေးကို အသုံးပြုခြင်းမှ ချက်ချင်းရပ်ပြစ်ရပါမည်။
သတိပြုရန်နှင့် ရှောင်ရန်များမှာ-
အစာအိမ်နှင့် ပတ်သတ်သော ရောဂါရှိသူများ သတိထား အသုံးပြုရပါမည်။ကျောက်ကပ်အားနည်းနေသူများ မဖြစ်မနေလိုအပ်ပြီး အသုံးပြုမည်ဆိုပါက ဆေးအချိန်လျှော့၍ သောက်သုံးခြင်းဖြင့် သတိပြုရပါမည်။
ကိုယ်ဝန်ဆောင်ရှိသူများ ကလေးနို့တိုက်မိခင်များ လုံးဝအသုံးမပြုပဲ ရှောင်ကျဉ်ရပါမည်။အစာအိမ်အနာဖြစ်နေသူများ၊အစာအိမ်လမ်းကြောင်းမှ သွေးယိုထွက်ထြင်းဖြစ်နေသူများနှင့် ထိုဆေးနှင့် မတည့်သူများ သတိပြုရှောင်ကျဉ်ရပါမည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်ခင်ဗျာ။
ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။
မြန်မာ steemit ချစ်သူအားလုံးအပေါင်းကို အစဉ်လေးစားလျှက်ပါ။
MSU
NO;017