တူရာတူရာ စု
ခေါင်ကို ခေါင်ကို ထု
ထုတော့ မထုပါဘူးးးး လေ
fri မလုပ်မိရုံလေးပါ
လေ့လာစရာနယ်ပယ်ကို
ဘောင်ခတ်လိုက်တဲ့ သဘော
တစ်ယောက်လာလည်း ဒီသတင်း
နောက်တစ်ယောက်လာလည်း ဒီသတင်းနဲ့
wall တစ်ခုလုံး ဒီသတင်းတွေပဲ တက်လာနေတော့
မိမိဖတ်ချင် လေ့လာချင်တဲ့ acc တွေ page တွေ
ပျောက်ပျောက်နေတတ်တယ်
အဆိုးရွားဆုံးက
ကျွန်တော်တို့ စီနီယာ ကို Zaw Win ပြောဖူးသလို
မိမိ fri တွေကို လေးစားပါ ဆိုတဲ့ စကား
ကျွန်တော်တို့ အမြဲ သတိထားရတယ်
( လမသ တွဲ -၃ စီနီယာကို ဆိုလိုတာပါ )
fri တွေများလွန်းတော့ အားလုံးရဲ့ states တွေလည်း လိုက်မဖတ်နိုင် မလေ့လာနိုင်ပါဘူး
ဒီတော့ fri နည်းနည်းပဲ ထားဖို့ ရွေးချယ်ရပါတယ်
ကျွန်တော်ဆို fri တစ်ရာတောင် မပြည့်ပါဘူး
ဒါတောင်မှ အများစုကို မဖတ်ရှုနိုင်တာ များပါတယ်
ဒီနေရာကပဲ တောင်းပန်လိုက်ရပါတယ်
မိမိဖတ်ရှုလေ့လာလိုသော acc များကိုတော့ fri အပ်သင့်တာ အပ်ပါတယ်
အများစုကတော့ following လုပ်လိုက်တာ များပါတယ်
သူတို့ မိမိကို မသိလည်း ပြဿနာ မရှိပါဘူးလေ
မိမိက လေ့လာချင်သူ မဟုတ်လား
တစ်ခု ကြားဖြတ်ပြောရအုံးမယ်
ကို Myo Myint Yan Naung ရေးတဲ့ စတိုင်က
အယ်ဒီတာ့အာဘော်သဘောဆန်တယ် ဗျ
သူကတော့ satire ဆန်ဆန်လေး ရေးတတ်တယ်
သူ့စာတွေက သတင်းစုံကို အညွှန်း ဖော်ပြနေသလိုပဲ
ဒီနေ့ ဘာတွေဖြစ်နေသလဲ
ဒီတလော ဘာတွေဖြစ်နေသလဲ ဆိုတာ
သူ့စာတွေ ဖတ်ရုံနဲ့ တွေ့ရတယ်
အကျယ်သိချင်တဲ့အခါ စာပါအကြောင်းအရာများနဲ့ပက်သက်လို့ သက်ဆိုင်ရာ ခေါင်းစီးအလိုက် ဘယ်သူက analysing လုပ်တတ်သလဲ လိုက်ရှာဖတ်ရုံပဲ
ဒီတော့ မိမိ fri (သို့) မိမိ following လုပ်ရမည့်သူကို ကဏ္ဍအလိုက် စိစစ်ရွေးချယ်တတ်ဖို့သာလိုတယ် ယူဆမိတော့တယ်
နောက်တစ်ချက်က
အများစုပြောနေကြတဲ့ " အမြင်တူသူ စု "
" အမြင်တူသူ စု " ဆိုတဲ့ကိစ္စမှာ အများအမြင်ဟာ ကျွန်တော်နဲ့ မတူပါဘူး
ရေအိုင်ထဲက ဖားသူငယ်ဘဝနဲ့ နစ်မွန်းနေသည် ထင်မိရတာပဲ
အမြင်တူသူတွေချည်း စုနေမှတော့ အမြင်တိုးတက်ဖို့ဆိုတာ မျှော်လင့်လို့ မရနိုင်ပါဘူး
အမြင်ဆိုတာ တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါဘူး
အကြောင်းအရာတစ်ခုမှာ တူညီနိုင်ရင်တောင် အခြားအကြောင်းအရာမှာ ကွဲလွဲတတ်ပါသေးတယ်
" ငါနှင့်မတူ ငါ့ရန်သူ " ဟူသော သဘောသဘာဝမှာ နိမ့်ကျသူတို့ သဘောထားဟုသာ ထင်မြင်ယူဆမိ၏
တကယ်တော့ မည်သည့်အကြောင်းအရာမဆို debate လုပ်တာဟာ အကောင်းဆုံးပါပဲ
ကျောင်းသားဘဝ work shop လုပ်သလိုပါပဲ
ဒါမှသာ သေချာဆန်းစစ်နိုင်မှာပါ
ငါပြောတာယုံ ဆိုတဲ့ ဝါဒမှိုင်းတွေ သွတ်သွင်း လုပ်နေသူတွေတော့ မလေးစားတာ အမှန်ပါပဲ
သို့သော်လိုင်ဇာနဲ့ လက်နက်ငယ်တစ်ကမ်းအကွာမှာ
ငြိမ်းချမ်းရေးဆိုတဲ့ ဝိုင်တစ်ခွက် အသံထွက်လာတယ်။
တောက်တစ်ချက် ခေါက်လိုက်စဉ်မှာ မဲ့ပြုံးက အသက ထွက်လာလေမလားဆိုတဲ့အတွေးတစ်စ
ကျည်မခ ဘူးတဲ့လူတွေအတွက်တော့ ကာရံတွေ ပြည့်လို့။
အလံဆိုတာ လွှင့်ထူရတာပါကွယ်။
အခုလောလောဆည်တော့ ညီလေးကို ကိုယ်ခြုံပေးလိုက်တယ်။
ညီလေး နွေးထွေးခြင်းကို အေးချမ်းစ
တိုင်းပြည်အတွက် အသက်ကိုတောင် ပေးမတဲ့လား။
ဝိုင်တစ်ခွက်လောက် အဖိုးမတန်ပါဘူးကွယ်။
သူတို့က ငှက်ကလေးတွေ ဖမ်းချင်တာလား
လွတ်လပ်သွားစေချင်တာတဲ့လား။အိပ်မပျော်ခင်မှာ အိပ်မက်မက်သွားသေးတာကိုး။
လွှင့်ထူခွင့် မရတဲ့အလံကို ကိုယ်စီဆောင်ပြီး
ငှက်သွားဖမ်းကြတာပေါ့။
ဒါမှ မဟုတ်ရင်လဲ လွတ်လပ်ခွင့် ပေးလိုက်ကြပ
လေ့လာသင့်တာတော့ လေ့လာရမှာပါပဲ
ယူသင့်တာကို ယူ
မယူသင့်တာကို ပယ်ဖို့က မိမိနှင့်သာ သက်ဆိုင်ပါတယ်
ဒီနေရာမှာ တစ်ခုပြောစရာ မေးစရာရှိလိမ့်မယ်
" ဘယ်လောက်များပြည့်ဝနေလို့လဲ "
ဟုတ်ပါတယ်
စာများများဖတ်မယ်
ဆရာသမားကောင်းဆည်းကပ်မယ်ဆိုလျှင်တော့ မပြည့်ဝလျှင်တောင် မှ
…