*** …………အဝေးးးးးးး ***
ဖြစ်ချင်တာ မဖြစ်ရတဲ့ ဘဝထက်
ဖြစ်နေတာကို
မဖြေသိမ့်တတ်တဲ့ ကိုယ့်ကိုယ်ကိုက သိပ်မုန်းဖို့ကောင်းတာပဲ ။
ခံစားချက်တွေကို သွန်ချကြ
ခံယူချက်တွေနဲ့ တိုက်ခိုက်ကြ
ကျွန်မ
ဘယ်ဖက်မှာ ရပ်သင့်မှန်းမသိတော့ဘူး ။
ကိုယ့်တစ်ယောက်ထဲရဲ့အလယ်မှာ
အထီးကျန်ရင်း တိတ်ဆိတ်နေလိုက်တာ ကောင်းမလား??? ။
ကျရောက်သွားတဲ့ နေရာတိုင်းမှာ
ပွက်ပွက်ဆူနေကြတာကို ကြည့်ရင်း
စိတ်တွေလည်း ခမ်းခြောက်
ဘဝအပေါ်မူးနောက်စ ပြုလာပြီကွယ် ။
ကိုယ့်တည်ငြိမ်မှုနဲ့
ဟိုးး………………………
အဝေးးးးးရဲ့ ……………
အဝေးဆုံးကို ………………………
ရက်ရက်စက်စက်
ပြေးထွက်ပစ်ချင်လာမိတော့တယ် ။
(လွတ်မြောက်နိုင်ဖို့ မျှော်လင့်ရင်းပေါ့ )
I'm ATM.