ဘဝမှာ ပထမ အမှားက စာတတ်ပေတတ် ဖြစ်အောင် မကြိုးစားခဲ့တာပဲ...
အဲ့ဒီအတွက် စာဖတ်နေတတ်ဖို့ ကြိုးစားရတာလည်း သင်ယူမှုတစ်ခုပဲ..
ဒါက ကိုယ့်ယူဆချက်နဲ့ကိုယ်....
အချိန်ဆိုးဆိုးတွေကို အင်တိုက်အားတိုက် ဖြတ်သန်းရတဲ့အခါ သတိတွေ အသိတွေအတွက် ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆို စာအုပ်တွေ စာပေတွေထဲက ရှာဖွေနေမိတာလေးတစ်ခုပါပဲ...
ကိုယ့်ရွေးချယ်ရာနဲ့ကိုယ် ကိုယ်လက်ခံရာနဲ့ကိုယ် ကိုယ်ယုံကြည်ရာနဲ့ကိုယ် ဘဝကို အမျိုးမျိုး ဖြတ်သန်းနေကြသူတွေထဲမှာ ကိုယ်ကလည်း ဘဝပိုင်ရှင်တစ်ယောက်သက်သက်ပါပဲ...
ကိုယ့်ဘဝကို ကိုယ်ပိုင်ဆိုင်ခွင့်ရှိတယ် ။ ကိုယ့်ဘဝကို ကိုယ်စီမံပိုင်ခွင့်ရှိတယ်။
ကိုယ့်ယုံကြည်ရာကို ကိုယ့်ဘာသာ ရွေးချင်နိုင်ခွင့်ရှိတယ်။
လူသားတစ်ယောက်အနေနဲ့ သူ့ ပိုင်ဆိုင်မှုနဲ့သူ လွတ်လပ်စွာ နေထိုင်ကောင်းနေထိုင်နိုင်ပါတယ်...
အသက်ရှင်နေစဉ်ကာလတလျောက်မှာ ဆိုပါတော့...
ဒါပေမယ့် ..........
ကိုယ့်ရှင်သန်ရာဟာ အများကို မထိခိုက်ရဘူး..
ကိုယ့်ယုံကြည်ရာဟာ အများအတွက် ဆိုးကျိုး မဖြစ်ရဘူး...
ကိုယ့်ရွေးချယ်မှုဟာ အများရဲ့ စတေးမှု မဖြစ်ရဘူး...
ကိုယ့်အတ္တတစ်ခုက ဒါမှမဟုတ် ဆိုးကျိုးများတဲ့လုပ်ရပ်တစ်ခုက လူသားတွေ ဆိုတဲ့ နာမ်စားတွေမှာ သက်ရောက်စေတာမျိုး ရှိလာခဲ့တယ်ဆိုရင် မတရားဘူးလို့ပဲ ထင်တယ်...
ကိုယ်လုပ်ချင်ရာကို လုပ်ပိုင်ခွင့်ရှိပေမယ့် ကိုယ်လုပ်ချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒက ကောင်းကျိုးလား ဆိုးကျိုးလား ဆုံးဖြတ်တတ်ရအုံးမယ်...
အများကောင်းကျိုးလား ကိုယ့်ကောင်းကျိုးလား အများဆိုးကျိုးလား ကိုယ့်ဆိုးကျိုးလား သုံးသပ်တတ်ရအုံးမယ်..
အဲ့ဒီအတွက် စဉ်းစားပိုင်းခြားတတ်တဲ့ အသိဉာဏ်လိုမယ်..။အဲ့ဒီအသိဉာဏ်ကို ပိုပြီး ရင့်သန်စေဖို့ စာအုပ်စာပေတွေထဲ ရှာဖွေရမယ်...
လူတစ်ယောက်အတွက် ရုပ်ရည်လှပခြင်းကလည်း သူ့နေရာနဲ့သူ လိုအပ်ပါတယ်...
ဒါပေမယ့် ကိုယ့်အတွက်တော့ စိတ်ဓာတ်လှပဖို့ အသိဉာဏ်ဆိုတဲ့ အဆင်တန်ဆာတွေနဲ့ ထုံမွှန်းရတာကို ပိုပြီး ကြိုက်ပါတယ်.....
အဲ့ဒီစိတ်ဓာတ်အတွက် အဆင်တန်ဆာတွေကို ကိုယ့်အတွက်လည်း အကျိုးရှိမယ် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဘူး ဒါမှမဟုတ် အကျိုးများမယ်ဆိုရင် မျက်လုံးကနေလည်း သင်ယူမိမှာပါပဲ...
နားကနေလည်း သင်ယူမိမှာပဲ...
ခြေထောက်တွေကနေလည်း သင်ယူမိမှာပါပဲ...
အဲ့ဒီသင်ယူမှုတွေဟာ
ကိုယ့်ဦးနှောက်အတွက် အာဟာရတွေကို သိုလှောင်ထားတဲ့ လှပတဲ့နှလုံးသားပိုင်ဆိုင်ခွင့်ရဖို့ နှလုံးသားမှာစိုက်ပျိုးလိုက်တဲ့ နှလုံးသားကစုတ်ယူစားသုံးလိုက်တဲ့ အာဟာရတွေလို့ပဲ ဆိုကြပါစို့....
I'm ATM.
I'm ATM.