ကိုယ်တော်ယေရှု နွေးနွေးထွေးထွေး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝဝဖြိုးဖြိုးဖြစ်သွားအောင် ခေါင်ရည်တိုက်လွှတ်လိုက်ချင်တာက ကျွန်တော့်ရဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုပါပဲခင်မျာ....။
အိုဘယ့်အစိမ်းတို့မြေထဲက ပါစကယ်ရဲ့ ချစ်စရာကောင်းတဲ့ အတွေးလေး..။
အတော်ချစ်စရာကောင်းတဲ့ အတွေးလေးလေ။
သူအကြိုက်ဆုံးခေါင်ရည်ကို သူသိပ်လေးစားတဲ့သူတစ်ယောက်ကို တနင့်တပိုး ဧည့်ဝတ်ပြုချင်တဲ့ စေတနာတွေက အတိုင်းသားနဲ့..။
ချစ်စရာလည်း ကောင်းသလို သနားစရာလည်း ကောင်းတယ်..။
ရိုးသားမှုတွေကိုလည်း မြင်လိုက်ရတဲ့ အတွေးစလေး..။
ကိုယ့်အချစ်ဆုံးသူကို ကိုယ်အကြိုက်ဆုံး အစားအစာရဲ့ အရသာကို ခံစားစေချင်သလိုမျိုး ချစ်ခြင်းတရားကလည်း ပါသေးရဲ့....။
ကိုယ်သိသလောက်ပဲသိတဲ့ လူတစ်ယောက်ရဲ့ ဝန်းကျင်မှာ သင့်၏ မသင့်၏ဆိုတာထက် ပိုတဲ့ အဖြူစင်ဆုံး စိတ်ရင်းက တစ်မျိုးလေး...။
ကိုယ်သာဆိုလည်း အဲ့လိုဖြစ်မိမှာပဲ..။
ကိုယ်သိပ်ချစ်ခင်ရတဲ့သူတွေနဲ့ ဆုံခဲ့ရင် ကိုယ်နဲ့မတည့်လို့ သိပ်မစားရပေမယ့် သိပ်စိတ်ဝင်စားစရာကောင်းလွန်းတဲ့ ငရုတ်သီးကို တနင့်တပိုး ကျွေးလိုက်ချင်မိတာကတော့ ကိုယ်လည်း တွေးမိမယ့် ချစ်စရာစိတ်ကူးလေးပါပဲ..။
ကိုယ် စိတ်ဝင်စားသလို ကိုယ့်လို စိတ်ဝင်စားတတ်စေဖို့ဆိုတဲ့ စိတ်လေးတစ်ခုနဲ့ပေါ့လေ..။
ပါစကယ်က ယေရှု့ကို ခေါင်ရည်တိုက်ချင်သလိုမျိုး စိတ်လေးတစ်ခုနဲ့လေ...😁😁😁
#Photo credit.