*** သွေ့ခြောက်ခြင်း ***
မျှော်လင့်ခြင်းတွေ သီသီဝေဝေနဲ့
မြူခိုးတွေကို ခိုးယူလိုက်မယ်..
ဓာတ်ငွေ့တွေ ထရံပေါက်က
တငြီးငြီး တညူညူ လှိမ့်ထွက်နေကြတယ်..
ခြေလှမ်းမောမောနဲ့
ခပ်စောစော နေဝင်ခဲ့ပြန်ပြီ......တစ်ရက်...
ဆွတ်ယူလိုက်တဲ့ ရင်ခုန်သံကို တစ်လှမ်းဆုတ်ပြိး ခုန်အုပ်လိုက်တယ်..
ကျီစယ်သံတွေဟာ ဒဏ်ရာအတွက် ပြည့်ပြည့်စုံစုံ တပ်ဆင်ပေးခဲ့တယ်...
ဝမ်းဟာလာနဲ့ ခြေရာခွက်လေးတွေတောင် စိပ်လိုက် ကျဲလိုက်နဲ့
ဖနောင့်ခွက်ထဲမှာ
ရေငံလေး တစ်စက်
တစ်လက်လက်နဲ့ ကြေကွဲနေလေရဲ့.....
I'm ATM.
Msu 021
Photo credit.