ငါလား..
သူတောင်းစားပါးပါး ဖြစ်လာတယ်။
ရေနှစ်ပက်လောက်ချိုးပြီး တစ်ရက်လုံး ဖျားချင်ဖျားမယ်။
ဒါမှမဟုတ် တစ်ခွက်တစ်ဖလားနဲ့သောက်ကြီးသောက်ကျယ် ပြောချင်ပြောမယ်။
တောင်ခြစ်မြောက်ခြစ် စိတ်တွေ ပိုပြီး ယစ်ချင်ယစ်မယ်။
စကားမဲ့ ရင်ခုန်သံကို ကောက်ဝါးချင်လည်း ဝါးနေမှာပေါ့။
သောကဓမ္မာအကြောင်း ကောင်းကောင်းတွက်ချက်ရင်း ဒေါသအမျက်နဲ့လည်း အဆိပ်တက်ချင်တက်မယ်။
ငါ့အတွက် ဖြစ်ပျက်တိုင်းကလည်း လေးနက်တယ်။
စိတ်ပျက်တိုင်းလည်း သွေးပျက်တယ်။
နှလုံးခုန်သံကြမ်းကြမ်းနဲ့ စိတ်သရမ်းပြီး လောကဝတ်ကျေဖို့ အပြင်းဆုံး ဒဏ်ရာကို တရေးနိုးပြီး မိုက်တွင်းနက်မယ်...။
ငါ့ကိုယ်ငါ ဆယ်ယူဖို့ ဖြစ်ပျက်သူတောင်းစား လုံးလုံးလျားလျား ဖြစ်လာနိုင်တယ်.။
I'm ATM.