ဘဝဆိုတာ ရပ်တန့်နေရမယ့် အရာမဟုတ်ဘူး..
စူးစမ်းမှုရှာဖွေမ၊ှု တွေ့ရှိမှုတွေထဲက လူသားတွေကို အကျိုးဖြစ်ထွန်းစေမယ့် အရာတွေကို ထမ်းပိုးသယ်ဆောင်လာခဲ့ကြရတာသာ ဖြစ်တယ်။
သာမန် လူတစ်ယောက်ရဲ့ ဦးနှောက်က ဆယ်ရာခိုင်နှုန်း နှိုးကြားပဲပါတယ်တဲ့။ကျန် ကိုးဆယ်ရာခိုင်နှုန်းက ငြိမ်သက်နေတယ်..
အိုင်းစတိုင်းလို လူရဲ့ ဦးနှောက်တောင်မှ သာမန်ထက် သုံးလေး ရာခိုင်နှုန်းလောက်ပဲ နိုးကြားတယ်လို့ ဆိုပါတယ်..။
အကယ်၍များ လူသားတိုင်းရဲ့ ဦးနှောက်တွေက ငါးဆယ် ရာခိုင်နှုန်းလောက် နိုးကြားလာမယ်ဆိုရင်တောင် ကမ္ဘာကြီးရဲ့ ပြောင်းလဲမှု လောကကြီးရဲ့ ပြောင်းလဲသွားမှုတွေက ဘယ်လိုများ ရှိမလဲ မခန့်မှန့်တတ်အောင်ပါပဲ။
ဦးနှောက်နိုးကြားတဲ့ လူတစ်ယောက်ရဲ့ အတွေးအမြင်တွေက သာမန်ထက် ပိုပြီး ဖွံ့ဖြိုးနေလေ့ရှိပါတယ်။
ဒါဆို အတွေးသစ် အမြင်သစ်တွေရဲ့ ကုန်ကြမ်းကို ဘယ်ကယူမလဲ..။
ပတ်ဝန်းကျင်ကလား ။စာအုပ်တွေထဲကလား။ဒါမှ မဟုတ် ကိုယ်တိုင်ရဲ့ ဘဝအတွေ့အကြုံကလား..။
နိုးကြားတဲ့ ဦးနှောက်အတွက် ဖွံ့ဖြိုးတဲ့ အတွေး.. ဖွံ့ဖြိုးတဲ့အတွေးတွေအတွက် ဖွံ့ဖြိုးစေမယ့် ကုန်ကြမ်း..
ကုန်ကြမ်းရှာဖွေမှုအတွက် ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု...
ဒါတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ယှက်နွယ်နေတဲ့ အပိုင်းတွေပါပဲ။
"စာဖတ်တဲ့ လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြတယ် "တဲ့..။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့တဲ့ စကားလေး..။
စာဖတ်တဲ့အတွက် တွေးစရာတွေ ရလာတယ်။ အဲ့ဒီတွေးစရာတွေကနေ တွေ့ရှိမှုတွေ ဖြစ်လာတယ်။ တွေ့ရှိမှုတွေကို လက်တွေ့ အကောင်အထည်ဖော်လာကြတယ်။
ဦးနှောက်ရဲ့အလုပ်လုပ်မှု သို့မဟုတ် ဦးနှောက်ရဲ့ နှိုးကြားမှုအတွက် ဦးနှောက်ကို နှိုးထားတဲ့ စာပေတွေအကြောင်း သိလာကြတာကနေ တဆင့် စာဖတ်လာကြတယ်..
စာဖတ်မှုကနေမှ အသိအမြင်တွေ အတွေးအခေါ်တွေ ပိုများပြားလာတဲ့အခါ လက်တွေ့စမ်းသပ်မှု ရှာဖွေမှု တွေ့ရှိမှုတွေကနေ ရုပ်ဝတ္ထုတိုးတက်မှုတွေက ပြောင်မြောက်လာကြတာပဲ ဖြစ်ပါတယ်..။
ဦးနှောက်ရဲ့ နိုးကြားမှုကို ရပ်တန့်ဖို့ ဘာကိုမှ မတွေးခေါ်ပဲ ၊ ဘာကိုမှ မစဉ်းစားပဲ ၊ဘယ်အရာကိုမှလည်း မရှာဖွေပဲ နေလိုက်ပါ။
ဦးနှောက်ရဲ့ နိုးကြားမှု ရပ်တန့်သွားတာနဲ့ ဘဝရဲ့ တက်လမ်းလည်း နှေးကွေးလာပါလိမ့်မယ်...။
အဲ့ဒီအခါ သက်ရှိကျောက်ရုပ်ဘဝကို အလိုလို ရရှိသွားမှာပဲ ဖြစ်ပါတယ်..။
#(ယုံချင်ယုံ မယုံချင်နေ...)
ရေးချင်လို့ရေးတာ..
I'm ATM.