*** မသက်ဆိုင်သူ ဝင်မပါရ ***
အပြစ်သားက ကိုယ်
စီရင်ချမဲ့သူက သူမ
ဒဏ်ရာတွေနဲ့
တဆတ်ဆတ် တုန်ယင်နေခဲ့တာက
ကိုယ့်နှလုံးသား
ဘယ်လို အမိန့်တော်များလဲ ???
ခေါင်းကိုမော့ ရင်ကိုကော့ပြီး
ရဲရဲကြီး ခံယူပါ့မယ်
သူမ .......
ကိုယ့်ရှိုက်သံကိုတော့
မကြားပါစေနဲ့ ....
ကြင်နာတတ်တဲ့
သူမရဲ့ နှလုံးသားလေး
အဖျားခတ်မှာ
စိုးတယ်လေ.....။
သူမရဲ့ စီရင်ချက်မှာ
ကိုယ်က အပြစ်သား
ဘယ်သူမှ
လာမတားပါနဲ့ ............
သူနဲ့ကိုယ့်ရဲ့ ဆက်သွယ်ချက်မို့
ကိုယ်တို့တွေပဲ
နားလည်နေပါရစေ ........။
ဒီအဖြစ်အပျက်တွေကို
မြင်ခွင့်ရခဲ့ရင်
ညီမျှခြင်းတွေပဲ
ချပေးကြဖို့ တောင်းဆိုပါရစေ
ဘယ်သူ့အပေါ်မှာမှ
အပြစ်မတင်ကြေး ...........
Please , ................
I'm ATM.
Photo crd