" ခေါင်းထဲမှာ များများစားစားမရှိသူဟာ အဝတ်အစားတွေနဲ့ ဖုံးဖိဖာထေးရတယ် " တဲ့...။
ရူပဗေဒပညာရှင်ကြီး ဆာအဲလ်ဘက်အိုင်စတိုင်း ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းပေါ့။
အမြဲတစေ ခေါင်းစုတ်ဖွား ညစ်ပတ်နေတဲ့အဝတ်အစားနဲ့ သမိုင်းတစ်ခေတ်ရဲ့ ကြီးကျယ်လွန်းတဲ့ လူသားကြီး အိုင်းစတိုင်းက ဦးခေါင်းထဲမှာ အမြဲတစေ အတွေးတွေထည့်ပြီး အလုပ်လုပ်နေတတ်တဲ့လူစား။
ထမင်းမေ့ ဟင်းမေ့ ပတ်ဝန်းကျင်ကို မေ့တဲ့အထိ အလုပ်တွေလုပ်နေခဲ့သူကြီးရဲ့ နောက်ဆုံးအဖြေကို စာရွက်အပိုင်းအစလေးတစ်ခုထဲမှာ ထည့်ပြီး ယူလာခဲ့တယ်တဲ့..။
ရိုးရှင်းတဲ့ ရိုးစင်းတဲ့ ပညာရှင်ကြီးရဲ့ ရီလေသီဗတစ် သီအိုရီကြီး အောင်မြင်ပြီးနောက်မှာ.. အဲ့ဒီ ပညာရှင်ကြီးရဲ့ သီအိုရီတွေနဲ့ တစ်ကမ္ဘာလုံးက သိပ္ပံသဘောတရားတွေကို ဇောက်ထိုးလှန်ပစ်ခဲ့တယ်။
ဦးနှောက်ထဲ များများစားစားထည့်ထားတတ်တဲ့ ပညာရှင်ကြီးက စကားကို အများကြီးမပြောခဲ့ဘူး ငါ ဘာကြီးကိုဝတ်မယ်..ခန္ဓာကိုယ်ကို ဘယ်လိုအမျိုးနဲ့ တန်ဆာဆင်မယ်လို့ မပြောခဲ့ဘူး..။
ဒါပေမယ့် လူသားတွေရဲ့ ခေတ်သမိုင်းတစ်ခုလုံးကိုတော့ သူ့ဦးနှောက်က ကြီးကျယ်တဲ့ တန်ဆာတွေ ဆင်ပေးခဲ့တယ်..။
လူတစ်ယောက်ရဲ့ အားအပေါ် သက်တောင့်သက်သာစီးနင်းရတဲ့ လန်ချားကို ငြင်းဆန်ခဲ့တယ်။လမ်းမကနေ ခြေလျင်လျောက် ခေါင်းစုတ်ဖွားနဲ့ အင်္ကျီအစုတ်နဲ့ အိတ်အစုတ်တစ်လုံးကိုဆွဲလို့ ဘုရင်မကြီးနဲ့ ( ဘယ်နိုင်ငံဘုရင်မမှန်း သေချာမမှတ်မိ) တွေ့ဆုံခဲ့တယ်..
သူ့ဦးနှောက်ရဲ့ ပြည့်ဝမှုက သူ့နှလုံးသားတွေပါ ပြည့်ဝခဲ့တယ်။
ကိုယ့်အတွက်တော့ အဲ့ဒီလူကြီးဟာ အခုထိ ကိုယ်ဦးညွှတ်မိတဲ့ ဟီးရိုးပဲ..။
အဝတ်အစားနဲ့ဖာထေးမထားတဲ့ ဦးနှောက်ထဲ များများစားစားရှိတဲ့ လူကြီးပေါ့.....
I'm ATM.