*** ငြိမ် ***
်ဖြတ်သန်းရမယ့် အလင်းတံခါးဝမှာ
ဓားပါးတွေကို စောင့်ရတဲ့ နတ်သမီးအကြောင်း သဲ့သဲ့ကြားရတယ်..
မနက်ဖြန်ထဲ ကိုယ်ပိုင် လက်နက်ပုန်းကို ပစ်သွင်းပစ်လိုက်တယ်...
မနေ့က ပစ်ထည့်ထားခဲ့တဲ့ လက်နက်ပုန်းကိုတော့ ဒီနေ့ရှာမတွေ့သေးဘူး...
မိုက်ရူးရဲဆန်တဲ့ အရံအတားတွေကြားကို
သိမ်မွေ့တဲ့လက်ခတ်သံနဲ့ ညှို့ယူလိုက်တယ်..
ပဉ္စလက်ကကွက်တွေအတွက်
မှော်ဆရာဆီက ပတ်ပျိုးတစ်ချက်
ငှါးခဲ့ရတယ်....
လေဆန်ရဲ့ အညာဒေသဆီကို
ခရီးထွက်ရင်း ခြေတော်ရင်းတွေ
လောင်ကျွမ်းနေခဲ့တာ မီးမဲ့....
အခုတော့ အချိန်ပဲ့ ဝိုးတဝါးနဲ့
ကွဲအက်နေတဲ့ ပုံရိပ်တွေကိုတောင်
လက်သင့်ခံရဲမယ့်
လက်ကြားတွေကို ကုပ်ကပ်သနားရင်း....
ငြိမ်.........
I'm ATM.
Msu 021
Photo crd.