ပြောပြမယ်...
လူသားပေါက်စသေးကွေးကွေး မွေးစကနေ ကလေးလေးအရွယ်အထိ ကလေးတိုင်းဟာ ချစ်ဖို့ကောင်းနေတတ်ကြလေ့ရှိတယ်နော်..
ကလေးလေးတွေရဲ့ အတွင်းစိတ်တွေဟာ ကြည်လင်နေတတ်တာမို့ သူတို့လေးတွေရဲ့ လိုချင်တက်မက်မှု လောဘတွေ ဒေါသတွေဟာလည်း နည်းပါးနေမှန်း သိသာနေတတ်ကြတယ်လေ...
အဲ့ဒီတော့ သူတို့လေးတွေဟာ လိုချင်တက်မက်မှုတွေ နည်းပါးစွာနဲ့ ဖြူဖြူစင်စင် အေးအေးချမ်းချမ်းလေးတွေ ဖြစ်နေကြတော့ သူတို့လေးတွေဟာ ချစ်ဖို့ ကောင်းနေကြတော့တာပေါ့..
လိုချင်တက်မက်မှု များလာတာနဲ့အမျှ လူသားအချို့တွေဟာ မုန်းဖို့ကောင်းလာတတ်ကြတယ်လေ.။သူ့ရဲ့ အလိုလောဘ ကြီးမားလာတာနဲ့အမျှ သူ့ အလိုလောဘနဲ့ ဆက်စပ်ရာ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ခြင်းနဲ့အတူ အဲ့ဒီ ပတ်ဝန်းကျင်မှာ သူဟာ ဂျိုကောင် တစ်ကောင် ဖြစ်နေတော့မှာပါပဲလေ..
ကလေးဘဝဆိုတာ အဲ့ဒီအလိုလောဘတွေ ကြီးထွားမလာခင် ဖြူစင်အေးချမ်းမှုလေးတွေနဲ့ဆိုတော့ သိပ်ချစ်စရာကောင်းနေတတ်တော့တာပေါ့.။
အချို့ လူတွေဟာ အဲ့ဒီလိုချင်တက်မက်မှုတွေ ကုန်ဆုံးချိန် ..မာန်မာနတွေ လျော့ကျချိန် ခွန်အားတွေ ဆုတ်ယုတ်လာချိန်တွေမှာလည်း ကလေးငယ်လေးတွေကို ချစ်ဖို့ ကောင်းနေတတ်ပြန်ရဲ့...
ပါးရေရွတ်တွ နားတွေ လေးပင် သွားဆိုလည်း မရှိတော့တဲ့ ခါးကိုင်း နားထိုင်းနေတဲ့ ဘဝနေဝင်ချိန်အရွယ်က လူသားအဖြစ် မလှပတော့တဲ့ ရုပ်ရည်တွေနဲ့မှာ်အရာက ချစ်ဖို့ ကောင်းနေစေသေးတာလဲ..
အဲ့ဒီအဖိုးက ချောလိုက်တာ..ဟိုအဖွားကြီး လှလိုက်တာ လို့ ချီးကျူးသူ မရှိတော့တဲ့ အရွယ်မှာ အဖိုးက ချစ်ဖို့ကောင်းလိုက်တာ အဖွားက ချစ်စရာကောင်းလိုက်တာဆိုတဲ့ စကားတွေကိုတော့ လက်ခံရရှိနိုင်ပါသေးတယ်..။
အလိုလောဘတွေ လျော့နည်းနေတဲ့ လူတစ်ယောက်ရဲ့ အေးချမ်းမှုတွေဟာ ရုပ်ရည်တွေ ပိုင်ဆိုင်မှုတွေ ပကာသနတွေ ဂုဏ်တွေ ဒြပ်တွေ မပါပဲနဲ့ ချစ်ဖို့ ကောင်းနေစေတတ်တဲ့ လူတစ်ယောက်ရဲ့ ပကတိ အရှိတရားတွေမို့ပဲပေါ့...။
အချို့ သဘာဝတရားတွေက မွမ်းမံပြင်ဆင်ထားတဲ့ အလှတရားတွေထက် ပိုပြီး ချစ်မြတ်နိုးဖွယ် ဖြစ်နေတတ်တယ် မဟုတ်လား...။
ကလေးငယ်လေးတွေနဲ့ ဘဝ နေဝင်ချိန်နားကပ်ကပ်က လူသားတွေဟာ သဘာဝတရားနဲ့ နီးနီးကပ်ကပ်မှာ ရှိနေကြလို့ ချစ်ဖို့ ကောင်းနေကြတာပဲ ဖြစ်လိမ့်မယ် ထင်ပါရဲ့...နော်...။
I'm ATM.
Msu 021.