*** ခြုံထည်တောက်တဲ့ ခေတ် ***
မကြုံဖူးတော့
ထူးဆန်းခြင်းတွေထဲမှာ
အလူးအလဲ မေ့မြောသွား
နိုးထပြီးချိန်အထိ
နိဂုံးမချုပ်ရသေးတဲ့ ဝဲဂယက်တစ်ခုက
အတွေးတွေထဲမှာ
ဝင်္ကပါပတ်တယ် ။
တီးတိုးရေရွတ်သံအဆုံး
ခပ်ပြုံးပြုံးရယ်မောကြတယ်။
်
အမှားမကင်းတဲ့ အမှန်တွေမှာ
ဒဏ်ရာတွေနဲ့ပြည့်နှက်
သိမ်းဆည်းဖို့ခက်ခဲ ။
ငိုမိခဲ့ကြတော့ မျက်ရည်ကိုပဲ မြင်ကြတယ် ။
ရယ်မောလိုက်ကြတော့
အပြုံးတွေကိုပဲ တွေ့လိုက်ကြတယ် ။
သီသီဝေဝေ ပျောက်ဆုံးနေတဲ့
ခံစားချက်တွေကို
လျစ်လျူရှု့
ပစ်ပယ်ခြင်းတွေထက်ကိုတောင်
ဝေးးးဝေးးးလာကြ
နောက်ဆုံးရှာဖွေမရတဲ့ ကာလအထိ
ပျောက်ဆုံးးးးးးးးး
အလျှံတညီးညီး ခြုံလွှာတွေကြီးစိုး
အမှန်တရားတွေပျောက်ဆုံးကြတဲ့ခေတ်မှာ
ကိုယ့်သီးသန့်ကမ္ဘာမှာ
ကိုယ်သာရူးသွပ်
တစ်ခါတစ်ခါတော့
လူတွေကြားက
မိုးခါးရေကို
သောက်မိမတတ်
စိတ်ရူးတွေပေါက်လို ပေါက်နဲ့ ။ ။
I'm ATM.