အလှတရား၏ဥယျာဉ်
အမှန်တရားတစ်ခုက
ငါ့အား ဆွံ့အစေခဲ့တယ်
တောက်ပသောအပြုံးတို့၏
အနက်ရှိုင်းဆုံးနေရာသည်
လျှို့ဝှက်သောအမှန်တရားတွေအားဖြင့်
ပြည့်နှက်နေကြသော်လည်းးး
ဆိတ်ငြိမ်ခြင်းဖြင့်ရွက်လွှင့်လိုသော်လည်း
လေပြည်သည် မြေသြဇာအဖြစ်သာခွင့်ပြုခဲ့ပါသည်
ပန်းပွင့်တို့လန်းစွင့်နေကြပါစေ
ဝတ်လွှာတို့ချိုမြကြပါစေ
အလှတရားတို့ ကမ္ဘာတစ်ခွင်မှာ လတ်ဆတ်နေကြပါစေ
အနက်ရှိုင်းဆုံးအပြုံးနဲ့အတူ ပျော်ရွှင်ခြင်းထက်ကျေနပ်ကြည်နူးခြင်းကိုသာပြည့်ဝစွာစားသုံး၍…………။ ။
Credit