#ပိုးဖလံ
ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည်ဆုံတွေ့ရမှန်းမသိတဲ့ မျှော်လင့်ခြင်းမျိုးအတွက် ကိုယ် အဖြေမထုတ်ရက်ခဲ့ဘူးလေ...
ကံစီမံရာတွေကို ယုံတမ်းချကစားရင်း ရင် တဆိတ်တော့ တိတ်တိတ်လေးခုန် မင်းယုံနိုင်မယ်ဆိုရင်ပေါ့လေ..
အပြုံးနဲ့ကွယ်ဝှက် သတိရခြင်းတစ်ဖက်နဲ့ ဝေဒနာပြင်းထန်အားတွေက ကိုယ်ပြောပြလိုက်မှ သေးနုတ်သိမ်ငယ်သွားမှာစိုး အဖြစ်ဆိုးမှာလည်း ကြောက်မိရဲ့...
မျှော်လင့်ချက်ကြီးကြီးမားမားအပေါ် ရင် တဆွေ့ဆွေ့ခုန် ဖြစ်ပျက်မှု အလုံးစုံက ပေါ့ပျက်နေမှာလည်း စိုးရွံမိ...
လွမ်းချင်းဖွဲ့တေးကို ရေးရေးလေးဆိုရွတ် မင်းအပေါ် သတိရခြင်းတွေ ကိုယ့်မှာရှိသရွေ့ လုံးလုံးလျားလျား ဆုံးရှုံးမသွားသေးဘူးလို့ ကိုယ် ယုံကြည်နေပါရစေ...
I'm ATM.