အနီးမှုန်တွေ မဖြစ်စေလို..
လူတွေဟာ အရာဝတ္ထုတစ်ခုခုကို မျက်လုံးနဲ့အရမ်းကပ်ပြီး ကြည့်လိုက်တဲ့အခါ အမြင်တွေဟာ ဝါးသွားတယ်။မထင်ရှားတော့ဘူး အနီးကပ်တွေဆို မမြင်ရတော့ဘူး..။
အဲ့ဒါကြောင့် နည်းနည်းလေး ခွာပြီး ကြည့်ရတယ်..
(စာလုံးတွေကိုနီးနီးကပ်ကပ် ကြည့်ကြည့်ပါ)
အဲ့ဒီလိုပဲ လူတွေဟာ ကိုယ့်အနီးအပါးမှာ အချိန်တိုင်း အချိန်တိုင်း ရှိနေခဲ့ရင် သူ့ကျေးဇူးတွေက နေ့စဉ်နဲ့အမျှ မြင်တွေ့နေရလို့ ရိုးသွားတယ်။ ကျေးဇူးလို့ မထင်တော့ဘူး..။
ဥပမာ လမ်းမှာတွေ့တဲ့ လူကြီးတစ်ယောက်က မုန့်ဖိုး ငါးထောင်ပေးရင် ကလေးတို့ အရမ်းပျော်သွားကြတယ် မဟုတ်လား..။
ဒါပေမယ့် အမေက နေ့တိုင်း မုန့်ဖိုး တစ်ရာတစ်ရာ ပေးနေတာကျတော့ မပျော်တော့ဘူး။ အမေက မုန့်ဖိုးတစ်ရာ မပေးရင်တောင် စိတ်ကောက်လိုက်ကြသေးတယ် မဟုတ်လား။
စဉ်းစားကြည့်နော် လမ်းမှာ တစ်ခါပဲ တွေ့ပြီး မုန့်ဖိုး ငါးထောင်ပေးတဲ့လူက တစ်ခါပဲ ပေးတာ..
အမေက တစ်ရက်ကို မုန့်ဖိုး တစ်ရာတစ်ရာကို နေ့တိုင်း ပေးတာ ။ တစ်နှစ်မှာ ၃၆၅ ရက်ရှိတယ်ဆိုရင် အမေက မုန့်ဖိုး တစ်ရက်တစ်ရာပေးရင် တစ်နှစ်လုံးအတွက် ကလေးတို့ကို အမေက မုန့်ဖိုး ၃၆၅၀၀ ပေးတာလေ..။
အမေပေးတဲ့ မုန့်ဖိုး ၃၆၅၀၀ နဲ့ ကလေးတို့ကို တစ်ခါပဲ ပေးသွားတဲ့ ၅၀၀၀ နဲ့ ဘယ်ဟာက ပိုမျသလဲ..။
အေး.. အနီးကပ်နေလို့ မမြင်လိုက်မိတဲ့ ကျေးဇူးဆိုတာ အဲ့ဒါပဲ..။
နောက် တစ်ခုက ကလေးတို့ ဘေးနားမှာ သူငယ်ချင်းတွေရှိမယ်။ နေ့တိုင်း နေ့တိုင်း ခေါ်နေကျ သူငယ်ချင်းတွေဆိုရင် သူနဲ့ အရမ်းခင်မှန်းလည်း သတိမထားတော့ဘူး။ သူ့ဆီက ခဲချွန်ဓား ငှါးတာ၊ ခဲဖျက်လေးငှါးတာ၊ နေ့တိုင်း နေ့တိုင်း သင်္ချာပြပေးတာ၊ အင်္ဂလိပ်စာ ပြပေးတာ တွေကို မေ့နေတတ်ကြတယ်..။ တစ်ခါတလေမှလေး ကလေးတို့ကို မုန့်ကျွေးတတ်တဲ့ စာတွေပြပေးလိုက်တတ်တဲ့ ဟိုးဖက်အတန်းကြီးက အစ်ကို ဒါမှ မဟုတ် အစ်မကြီးက ပိုပြီး ခင်စရာကောင်းနေတယ်လို့ ကလေးတို့ ထင်နေမိတတ်ကြတယ်။
အဲ့ဒါက တစ်ခါတလေလေ..ကိုယ့်ဘေးနားက သူငယ်ချင်းက အမြဲတမ်းစာအတူကျက် အတူကစား အတူစားနေကြသူတွေလေ..
တစ်ခါတလေလေး တွေ့ဆုံတတ်တဲ့သူကိုတောင် ခင်စရာကောင်းတယ် ကျေးဇူးတင်စရာကောင်းတယ်လို့ တွေးမိသေးရင်
ကိုယ့်ဘေးနားက သူငယ်ချင်းက ပိုခင်စရာ မကောင်းဘူးလား..ပိုကျေးဇူတးင်စရာ မကောင်းဘူးလား..
ဆရာ ဆရာမတွေဆိုလည်း ဒီလိုပဲ။
ဒီဆရာမနဲ့ အမြဲသင်နေရလို့ ဆရာသင်တာ မရှင်းလို့ ဆရာမက အော်ဆဲမိလို့ ဆရာမကို စိတ်ဆိုးမိမယ်။
တစ်ခါတလေ လာသင်ပေးတဲ့ ဆရာ ဆရာမက ပိုသဘောကောင်းတယ်လို့ ထင်မိမယ်..။
ဆရာမကရော သဘောကောင်းတဲ့ အချိန်တွေ မရှိဘူးလား..။ စာကို ရှင်းအောင် သင်ပေးလိုက်တဲ့ အချိန်တွေ ရှိနေတယ် မဟုတ်လား..။
အဲ့ဒါတွေက နေ့စဉ်နဲ့အမျှကြုံတွေ့နေရတာမို့ ကျေးဇူးတင်စရာ မကောင်းဘူးလို့ ပြောလို့မရဘူးနော်..။
ဘာကြောင့်လဲဆိုတော့ နေ့စဉ်နဲ့အမျှ ထိတွေ့နေရလို့ အနီးမှုန်လေးတွေ ဖြစ်ကုန်တာ..
ဲအဲ့ဒီတော့ အဲ့ဒီလို နေ့စဉ်နဲ့အမျှ ထိတွေ့နေရသူတွေကို ကျေးဇူးမကန်းဖို့ ကျေးဇူးသိတတ်ဖို့ ကြိုးစားကြပါ..
အနီးမှုန်လေးတွေ မဖြစ်ကြဖို့ ကြိုးစားကြပါလို့ ပြောချင်တယ် ဟုတ်ပြီလား...