*** လက်ဖြာ တောက်ပသော ....***
ဖိနပ်တစ်ရန်လောက် ချေးပါ...
အနာဂတ်တစ္ဆေတစ်ကောင်ကို မောင်းထုတ်မလို့..
အဲ့ဒီအရာရဲ့ တစ်ဖက်ကျော်ကျော်မှာ
လှောင်ပြောင်ပိတ်လှောင်နေတဲ့ ကုန်းပြန့်ပြန့်တွေထက်က
မြက်ဖိနပ်တစ်ရန်ကို ပြန်လည် ယူဆောင်လာခဲ့ပေးပါမယ်...
အယောင်ဆောင်သက်တန့်တွေထက် ပိုမက်မောတတ်ရင်ပေါ့..
တက်မက်လောင်မြှိုက်နေတဲ့ သောကရာဇာကို ဦးမညွှတ်နဲ့..
လက်နက်တော်တွေကို ရွေးယူတိုက်ပွဲဝင်ပါ..သမိုင်းကောင်းထဲမှာ ဉာဏ်ပညာဟာ အကြီးရင့်ဆုံး တံတိုင်းတစ်ခုပဲ..
ကိုယ့်ကိုယ့်ကိုယ် ဦးညွှတ်ဖို့ ဘယ်သူ့ဆီမှာမှ ဒူးမထောက်လေနဲ့..။
ရှိခိုးရခြင်းက ကိုယ့်ကိုယ့်ကိုယ် စိုက်ပျိုးလိုက်ခြင်း ဖြစ်ပါစေ...
သေနင်္ဂဗျူဟာတွေကို ဝဲလွှင့်ပစ်...
အမှန်ကန်ဆုံးထဲ တိုးဝင်ပါ..
တိုက်ခိုက်ရခြင်းတွေတိုင်း သွေးထွက်သံယို ဖြစ်စရာမှ မလိုအပ်ပဲ..
အကောင်းဆုံး လက်နက်ကို အလှပဆုံး နှလုံးသားနဲ့ ထုဆစ်ပါ..
အဖြူရောင်ပန်းပွင့်တွေ ထာဝရ ရနံ့သက်ဖို့ ပညာရှင် ဥယျာဉ်မှူးတစ်ဦးသာ လိုအပ်တယ်ဆိုရင် အမာကျောဆုံး လက်နက်ကို ထုတ်ဖော် သုံးစွဲပစ်လိုက်ပါတော့...
အကောင်းဆုံး လက်နက်အကြောင်း ထာဝရ ကျော်ကြားခွင့်အတွက် မွေးပျံ့နေမယ့် မက်ဆေ့ခ်ျတစ်စောင်ကို ချန်ထားရစ်ခဲ့ပါ...
လူတိုင်း ဖတ်မိပါစေ..
ဖတ်မိသူတိုင်း လင်းလက်တောက်ပစွာ ပြုံးရွှင်နေရစ်ကြပါစေ....
ငါတို့ရေးထိုးကြမယ့် သမိုင်းတိုလေးတွေဟာ ချစ်မြတ်နိုးဖွယ်ရာ ပုံပြင်တစ်ပုဒ်အဖြစ် သက်ရှိရုပ်ကြွင်းတို့ ဖြစ်တည်နေရစ်ပါစေ...
ငါတို့က ရှေ့တိုးကြမယ်...
မြက်ဖိနပ်တွေကို စီးလို့...
တစ္ဆေတွေကို ခြောက်လှန့်ကြမယ်..
အဖြူရောင် ပန်းပွင့်တွေကို စိုက်ပျိုးလို့..
ညည်းတွားနေတဲ့ တေးချင်းကို ဆွဲဆွဲငင်ငင် သီကျူးလို့ ဘဝဂ်ဆန်ဆန် ပွင့်အန်နေကြစေ...
ထာဝရ လတ်ဆတ်မှုတို့နဲ့ အတူ........
I'm ATM.
MSU 021.
Photo credit.