#တမာညောင်စောင်း
စိတ်ကြမ်းဝင်နေတဲ့အခိုက်အတန့်အတွက် ကမ္ဘာပျက်တွက်ကိန်းတွေ ကြာတယ်..
မြူခိုးအူသံတွေနဲ့ ရစ်ခွေထားတဲ့ ငါ့ကြမ္မာကို ပုံတော်တစ်ဖက် စီးပေးလိုက်တယ်..
နိမ့်ချည်မြင့်ချည် စီးလို့ကောင်းတာ လှိုင်းတွေပဲရှိမယ်..
သမိုင်းရဲ့ဝှက်ဖဲတစ်ချက်ကို အက်စစ်ပက်ပြီး ပြန်နမ်းလိုက်တယ်..
ဒူးအစုံကို ညွတ်ကွေးပြီး အရှိန်ယူလို့ ပြေးတယ်..
မောပန်းဟိုက်မှုနဲ့ ကြိုးကြိုးကုပ်ကုပ် ခေါ်သံတွေ ဆုတ်ယုတ်လာတယ်...
ငါ ပြောပြမယ့် အဖြူရောင် စကားလုံးတွေ တောင်တစ်စ မြောက်တစ်စနဲ့ ပါးစပ်ထဲ အညှီနဲ့ ရောမျိုလိုက်ရတယ်...
ဟစ်အော်ဖို့ ကြိုးစားတိုင်း ပြန်ပြန်ပြီး မျိုချနေရတဲ့ အလင်းညစ်ညစ်တွေဆီမှာ ကပ်ပါးတစ်ကောင်လို့ မှေးရင်း မှိန်ရင်း တိုးလျဖျော့တော့...
ဟော...နေဝင်လုပြန်ပြီ..
I'm ATM.