ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍအ တွက်တော့ တောင်ကိုရီးယားဒရာ မာရုပ်သံဇာတ်လမ်းတွဲသစ်လေး အကြောင်း ဖော်ပြလိုက်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာဆိုရင် အမေရိကန်ရုပ်သံစီးရီး CriminalMinds ကိုပဲ အခြေခံပြီး ပြန်လည်ဆန်းသစ်ထားကာ tvN ရုပ်သံလိုင်းမှ ဇူလိုင် ၂၆ ရက်ကစလို့ အပတ်စဉ်ဗုဒ္ဓဟူး၊ ကြာသပတေး ည ၁၀း၅၀ နာရီမှာ ပြသနေတာ ဖြစ်ပါတယ်။
မရိုးနိုင်တဲ့ပုံစံမျိုးစုံနဲ့ လူသတ်မှုပေါင်းများစွာ ဆက်တိုက်ကျူးလွန်တဲ့သူကို အထူးရဲတပ်ဖွဲ့ က ရေကုန်ရေခန်းစုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်လမ်းအပိုင်းလိုက် ဇာတ်အိမ်တည်ထားတဲ့အ တွက် မှုခင်းစုံထောက်ဇာတ်လမ်း တွေ သဘောကျတဲ့ပရိသတ်က တော့ အကြိုက်တွေ့မှာ သေချာပါတယ်။
ဆန်းဟန်ဂျွန်းဟာ အထူး လေ့ကျင့်ထားတဲ့ ရဲစုံထောက် ခြောက်ဦးအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်ပြီး သူ့မှာ ဒေါသ ကြီးပြီး သွေးဆူလွယ်တဲ့ ညာလက် ရုံးကင်ဟွန်ဂျွန်းနဲ့ အနေအေးပြီး သုံးသပ်လေ့လာရာမှာ ကျွမ်းကျင် တဲ့ ဘယ်လက်ရုံးဟာဆွန်ဝူးတို့ရှိ ပါတယ်။ ဟွန်ဂျွန်းနဲ့ ဆွန်ဝူးတို့ဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက် ဖြစ်သလို မျက်နှာချင်းဆိုင်လိုက် တာနဲ့ အမြဲပြဿနာတက်ကြပေ မယ့် အမှုလိုက်တဲ့နေရာမှာတော့ အသင်းအဖွဲ့စိတ်အပြည့်နဲ့ လုပ် ဆောင်ကြပါတယ်။
အခြားအထူးရဲအဖွဲ့ဝင်တွေမှာလည်း ကျွမ်းကျင်မှုကိုယ်စီနဲ့ အမှုအခင်းတွေကို ပူးပေါင်းစုံစမ်း ဖော်ထုတ်ကြသလို ဒီဇာတ်လမ်း တွဲရဲ့ထူးခြာချက်က ဖြစ်ပျက်သမျှမှုခင်းတိုင်းရဲ့ သဲလွန်စအသွား အလာကိုကြည့်ပြီး လူသတ်သမားရဲ့ စိတ်ခံစားမှုအခြေအနေကို ခန့်မှန်းသုံးသပ်ရင်း စုံစမ်းဖော်ထုတ် တဲ့ပုံစံက အတော်လေးကို စိတ် ၀င်စားဖို့ ကောင်းပါတယ်။
ကြည့်နေကျ ကိုရီးယားဒရာ မာဇာတ်လမ်းတွဲတွေလိုမျိုး အ ချစ်၊ အမုန်းကိစ္စတွေမဟုတ်ဘဲ အက်ရှင်၊ သည်းထိတ်ရင်ဖို၊ ကြည်နူးစရာ၊ ပျော်စရာ၊ ထိတ်လန့်စရာ ရသမျိုးစုံကို ခံစားရမယ့်ဇာတ်လမ်းဖြစ်သလို ရက်စက်မှုတွေကြားမှာ သေပွဲဝင်ရသူတွေအ တွက် အထူးရဲအဖွဲ့က ဘယ်လိုနည်းစနစ်တွေနဲ့ စုံစမ်းဖော်ထုတ် မှာလဲဆိုတာ ဇာတ်လမ်းအပိုင်း လိုက်ကိုယ်တိုင် မြည်းစမ်းကြည့် ဖို့အတွက် ဖော်ပြလိုက်ပါတယ်။
အပိုင်း ၂၀ ရှုစားရမယ့် ဒီ ဇာတ်လမ်းတွဲမှာ ဆန်းဟွန်ဂျူး၊လီဂျွန်ဂီ၊ မွန်းချယ်ဝန်၊ ယူဆန်း၊ လီဆန်းဘင်၊ ဂိုယွန်း၊ ကင်ယုံချွဲ စတဲ့သရုပ်ဆောင်များစွာ ပါဝင်ထားကြတာပါ။
Credit:http://7daydaily.com/story/103043
MSO-31