ဒီနေ့ ပရိသတ်တွေ အကြိုခံစားဖို့အတွက် အမေရိကန် သည်းထိတ်ရင်ဖိုဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။
ဒေါက်တာ ဘရိုင်ရန်မော်ဂန် နဲ့ဇနီး ဒေါက်တာအန် ဂျလာတို့ဟာ (၅)နှစ်အရွယ် သမီးလေးကိုရာနဲ့အတူ အိမ်ကြီးရခိုင်မှာနေထိုင်ပါတယ်။ အန်ဂျလာဟာ ခဏခဏ ကလေးအဖတ်မတင်ဖြစ်တဲ့အတွက် ကိုရာလေးကို အလှူရှင်တစ်ယောက်ရဲ့အကူအညီနဲ့ ဖန်ပြွန်သန္ဓေသားအဖြစ် မွေးဖွားခဲ့တာဖြစ်ပြီး ပျော်ရွှင်စရာ အသိုက်အမြုံလေးအ ဖြစ် မိသားစုသုံးယောက်နေထိုင်တာပါ။
တစ်ရက်မှာတော့ အန်ဂျလာဟာ ကေတီဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အသိအကျွမ်းဖြစ်ခဲ့ပြီး ကေတီမှာလည်း မက်ဒီဆိုတဲ့ (၄)နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ တကယ်တော့ ကေတီဟာ သူ့ရဲ့ဆိုးရွားလှတဲ့ နောက်ကြောင်းကနေ ရုန်းထွက်ချင်တဲ့အတွက် အိမ်ပြောင်း ရွှေ့လာတာဖြစ်ပါတယ်။
တစ်ရက်မှာတော့ ကေတီဟာ အလုပ်ရှာဖို့အတွက် မြို့ကနေ ထွက်သွားမယ့်အကြောင်း အန်ဂျလာကို ပြောခဲ့တာမို့ နဂိုကတည်းက သနားတတ်တဲ့ အန်ဂျလာက ကိုရာကို ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်ပိုင်းကလေးထိန်းအဖြစ် လုပ် ဖို့ ကမ်းလှမ်းပြီး သူတို့ရဲ့အိမ်မှာ နေစေခဲ့ပါတယ်။
အိမ်ကိုရောက်ရောက်ချင်းမှာတော့ အစစအရာရာအဆင်ပြေနေခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ ကေတီရဲ့သရုပ်မှန်တွေ တဖြည်းဖြည်းပေါ်လာပါတော့တယ်။ အလိမ်အညာစကားတွေ၊ ကြိုးကိုင်ခြယ်လှယ်မှု တွေလုပ်လာတဲ့အပြင် အန်ဂျလာအပေါ်မှာ ပြုမူပြောဆို တာတွေကလည်း အပြောင်းအလဲကြီး ပြောင်းလဲလာပါ တော့တယ်။
ကေတီဟာ သူများမိသားစုကို ကိုယ့်မိသားစုအသွင် ဖြစ်လာဖို့ အကြံအစည်တွေ လုပ်လာသလို အန်ဂျလာကိုသာမက တခြားအိမ်သားတွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်မှုတွေ လုပ်လာခဲ့ပါတယ်။
ကေတီဖုံးကွယ်ချင်၊ ရုန်းထွက်ချင်နေတဲ့ အတိတ်ဆိုးက ဘာဖြစ်မလဲ၊ အန်ဂျလာတို့ မိသားစုကို ကေတီက ဘယ်လိုဒုက္ခတွေပေးမှာလဲ၊ ခင်စရာ၊ ချစ်စရာကောင်းတဲ့ ကေတီဘဝကနေ မိသားစုပြိုကွဲဖို့အထိ ကြံစည်လာသူအဖြစ် ပြောင်းလဲသွားတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ဦးနော်။
ဒေါက်တာ ဘရိုင်ယန်မော်ဂန်အဖြစ် နစ်ကိုလက်စ် ကေ့ခ်ျ၊ အန်ဂျလာအဖြစ် ဂီနာဂါရှန်၊ ကေတီအဖြစ် နစ်ကီဝှီလန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါ တယ်။
Credit:http://7daydaily.com/story/100712
MSO-31