မိသားစုတစ်စုဆိုတာ အမြဲတမ်းပျော်ရွှင်နေရတယ်မဟုတ်တောင် စိတ်ညစ်စရာလေးတွေ နည်းနိုင်သမျှနည်းရင်ပိုကောင်းတယ်ဗျ..ဟုတ်တယ်မို့လား?ဒီဇာတ်ကားလေးထဲက အမ်မာတို့ မိသားစုဟာလည်း ခုလက်ရှိ အပြင်မှာကြုံတွေ့နေကြတဲ့အတိုင်း…
အိမ်ထောင်ဦးစီးဖြစ်သူ အမ်မာရဲ့ အမျိုးသားကလည်း တစ်နေတစ်နေ့ အလုပ်နဲ့ အိမ်ပဲကူး၊အမ်မာကိုယ်တိုင်ကလည်းသူ့အလုပ်နဲ့သူ တိုင်ပတ်၊သားသမီးတွေအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြ၊ဒီလိုနဲ့ ကလေးတွေကလည်းကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြဿနာလေးတွေ ကိုယ်စီနဲ့…မိသားစုအတူရှိတဲ့အချိန်က အတော်နည်းတယ်ပေါ့ဗျာ၊ရှိတဲ့အချိန်ကျလည်း ဘုနဲ့ဘောက်ပေါ့ဒီလိုတွေဖြစ်နေတဲ့ မိသားစုလေးဟာ သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲပေးမယ့် နေ့တစ်နေ့ကို ကြုံလိုက်ရပါတယ်။အဲ့ဒီနေ့ပြီးတဲ့ နောက်ရက်တွေမှာ သူတို့မိသားစုလေး ဦးတိုးကြီးရဲ့ “အေးအတူပူအမျှ” လိုပဲဖြစ်မလား..ဒါမှမဟုတ် ဘစိုင်းရဲ့ “ကြိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုး” လိုပဲ ဖြစ်သွားမလားဆိုတာကတော့…..စိတ်အပန်းဖြေတဲ့သဘောနဲ့ ထိတွေ့ကြည့်လိုက်ပါဦးနော…
Credit:http://channelmyanmar.org/monster-family-2017/
MSO-31