ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ ၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ ဆွီဒင်ဇာတ်ကား Naked ကို ပြန် လည်ဆန်းသစ်ရိုက်ကူးထားတဲ့ အမေရိကန် ဟာသဇာတ်ကား သစ်လေးကို ဖော်ပြလိုက်ပါတယ်။
ရော့ဘ်အန်ဒါဆန်ဟာ ဂေါက်တောက်တောက် လူငယ် တစ်ယောက်ဖြစ်ပေမယ်လို့ သူချစ်ရတဲ့ မီဂန်ဆိုတဲ့မိန်းကလေးနဲ့လက်ထပ်ဖို့ကိုတော့ ဘယ်တော့မှမမေ့တဲ့သူပါ။ မီဂန်ရဲ့ အဖေကရော့ဘ်နဲ့လက်ထပ်မယ့်အစား မီလျံနာသူဌေး ကိုဒီဖေဗာနဲ့ ပိုပြီးသဘောတူတာပါ။
ရော့ဘ်ဟာ သူ့ရဲ့ မင်္ဂလာ ရက်နီးလာလေလေ ကြောင် တောင်တောင် ဂေါက်တောက် တောက်စိတ်တွေ ဖြစ်လာလေ လေဖြစ်ပြီး သူသတိရလာတဲ့အ ချိန်မှာ ဓာတ်လှေကားထဲမှာ အ ၀တ်မပါဘဲ အနေအထားနဲ့ ဖြစ် နေခဲ့ပါတယ်။
မင်္ဂလာအခမ်းအနားမှာ ဧည့် သည်တွေအကုန်လုံးက သူ့ကိုစောင့်နေကြကာ ခန်းမဆီကိုသွား ဖို့ အချိန်တစ်နာရီပဲ ကျန်တော့ချိန် မှာ ရော့ဘ်တစ်ယောက် အနီးဝန်း ကျင်ကို ဂရုမစိုက်နိုင်တော့ဘဲ အသားကုန်သုတ်ခြေတင်ရပါတော့ တယ်။
တကယ်တော့ ရော့ဘ်ဟာ ဓာတ်လှေကားထဲမှာ အ၀တ် ဗလာအခြေအနေနဲ့ မကြာခဏ ဆိုသလိုဖြစ်နေခဲ့ပြီး မမြင်နိုင်တဲ့ စွမ်းအားတစ်ခုက ရော့ဘ်ကို မင်္ဂလာဆောင်မရောက်မချင်း ဒီလို အနေအထားဖြစ်အောင် လုပ် ဆောင်နေတာပဲဖြစ်ပါတယ်။
ကိုးရိုးကားရားအခြေအနေ နဲ့ ခဏခဏကြုံရတဲ့ရော့ဘ်တစ် ယောက် ဓာတ်လှေကားထဲ အ ၀တ်ဗလာနဲ့ဖြစ်နေတာကို ရှောင်တိမ်းနိုင်ပါ့မလား၊ သူတကယ်ချစ်ရတဲ့ မီဂန်နဲ့ လက်ထပ်ဖို့ အချိန်မီနိုင်ပါ့ မလားဆိုတာ ရယ်ရင်းမောရင်း ဆက်ကြည့်လိုက်ဦးနော်။
ဒါရိုက်တာမိုက်ကယ်တစ် ဒက်စ်က ပြန်လည်ဆန်းသစ်ထား တဲ့ ဒီဇာတ်ကားမှာ ရော့ဘ်အန်ဒါ ဆန်အဖြစ် မာလွန်ဝေယန်၊ မီဂန် အဖြစ် ရက်ဂျီနာဟောလ်တို့က အဓိကပါဝင် သရုပ်ဆောင်ထား ပါတယ်။
Credit:http://7daydaily.com/story/106748
MSO-31