ဒီကနေ့ ကဏ္ဍလေးအတွက်တော့ ပရိသတ်တွေ ရယ်မောပျော်ရွှင် ရင်း ကြည့်ရမယ့် သရီးဒီအန်နီမေး ရှင်း ဟာသဇာတ်ကားလေးဖော်ပြ လိုက်ပါတယ်။
၂၀၁၁ က ထွက်ခဲ့တဲ့ Gnomeo & Juliet ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ဒါရိုက်တာ ဂျွန်စတီဗင်ဆန် ရဲ့ လက်ရာဖြစ်ပါတယ်။
ပထမဇာတ်ကားရဲ့ အဆုံး သတ်အတိုင်း အနီ၊ အပြာ နှစ်ဖက် ချစ်ကြည်ရင်းနှီးမှုတွေရအောင် လုပ်ဆောင်နိုင်ခဲ့သလို ပျော်ပျော် ရွှင်ရွှင်နဲ့ ရွှေလက်တွဲခွင့်ရသွားခဲ့ ပြီးနောက်မှာတော့ နိုမီယိုနဲ့ ဂျူး လိယက်တို့ ချစ်သူနှစ်ဦးဟာ အိမ် ရှင်တွေနဲ့အတူ လန်ဒန်မြို့လယ် က နေရာသစ်တစ်ခုဆီကို ပြောင်း ရွှေ့ခဲ့ကြပါတယ်။
နေရာသစ်မှာ အားလုံး တစု တစည်းတည်း ပျော်ပျော်ကြီးနေ ဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ ထိတ်လန့်စရာ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒါကတော့ လန်ဒန်တစ် မြို့လုံးမှာရှိတဲ့ နုမ်းစ်တွေ အကုန် လုံး ထူးဆန်းစွာနဲ့ ပျောက်ဆုံးမှု ဖြစ်ခဲ့ပါတယ်။ နိုမီယိုနဲ့ ဂျူးလိ ယက်တို့ အပြင်ကပြန်လာတဲ့အခါမှာသူတို့ခြံထဲမှာရှိသမျှ နုမ်းစ်တွေ လည်း ပျောက်ဆုံးနေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို ခြေရာခံ စုံစမ်းဖော်ထုတ်ဖို့အတွက် နိုမီယို တို့နှစ်ယောက်ဟာ စုံထောက်ရှား လော့ခ်နုမ်းစ်နဲ့ သူ့လုပ်ဖော်ကိုင် ဖက်ဝက်ဆန်တို့ကို အကူအညီ တောင်းခဲ့ပါတယ်။ အဲဒါနဲ့ ရှား လော့ခ်နဲ့ ဝက်ဆန်တို့ဟာ နုမ်းစ် တွေ ထူးထူးဆန်းဆန်း ပျောက် ဆုံးသွားတဲ့နေရာကနေ သဲလွန်စ ရှာဖွေပြီး ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ ပါတယ်။
နုမ်းစ်တွေ ပျောက်ဆုံးမှုရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက် ချက်တွေရှိနေလဲ။ စုံထောက်ရှား လော့ခ်တို့နဲ့အတူ နိုမီယို၊ ဂျူးလိ ယက်တို့ နုမ်းစ်ရှာပုံတော်ကို ဘယ်လိုအန္တရာယ်တွေ၊ စွန့်စားမှုတွေနဲ့ အတူ လုပ်ဆောင်ခဲ့ရလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
အသံသရုပ်ဆောင်ပေးထား သူတွေက စုံထောက်ရှားလော့ခ် အဖြစ် ဂျော်နီဒက်ပ်၊ နိုမီယိုအဖြစ် ဂျိမ်းစ်မက်အဗွိုင်း၊ ဂျူးလိယက်အ ဖြစ် အမ်မလီဘလန့်၊ ဝက်ဆန် အဖြစ် ချီဝီတယ်အက်ဂ်ျဖော်တို့ပဲ ဖြစ်ပါတယ်။
MSO-33
Credit - http://www.7daydaily.com/story/123246