photo from google
နွေဦးတဲ့ လေရူးမှာ
အဖြေ မထူးတဲ့ငါ
လေယူရာကို ယိမ်းနွဲ့လို့
စိတ်တွေလည်း ဟောင်းနွမ်းခဲ့ပြီလေ
ငါ့နှလုံးသား လည်း
စစ်ကူကယ်ရာ
အဖော်မဲ့
မျှော်မိတဲ့ အချစ်ရယ်
ထာဝစဉ်
စာတင်လို့
ရာဇဝင် မှာပေါ့
မင်းနာမည်ကို နှလုံးသားမှာ တံဆိပ်ခပ်နှိပ်လို့
ပုဂံ ရာဇဝင် ထဲက
မင်းကျန်စစ်တို့ထက်
စာတွင်စေရမယ်. . . .
9.22.2018