ဆုလာဘ်တွေမြင်ရပြီ
https://nextcolony.io
အာကာသ စစ်ပွဲကတော့ နောက်ထပ် ရက်ပေါင်းများစွာ ကြာဦးမယ်လို့ ဆိုပါတယ် တည်ဆောက်ရေးအပိုင်းကို အချိန်ပေးလိုက်သလိုပါဘဲ သူ့ရဲ့ေ၇ာင်းကုန်တွေကို ပိုမို ရောင်းချနိုင်ရေး အချိန်ယူတာလည်း ဖြစ်နိုင်ပါတယ် ကစားသူ နည်းနေသေးတာကြောင့် အချိန်ဆွဲတာလို့ ထင်ပါတယ် ရှေ့က ထွက်နှင့်ပြီးသား ဂိမ်းတွေရဲ့ အားနည်းချက်တွေကို သူက သင်ခန်းစား ယူပြီးလောက်ပါပြီ လစ်ဟာမှု အနည်းဆုံးဖြစ်အောင် သူ့ဘက်ကို အသေအချာ ကာကွယ်ပြီး ၀င်ရောက်မယ့်သဘောပါဘဲ ဒါကြောင့် ဒီဂိမ်းအပေါ် မျှော်လင့်ချက် အများကြီး ထားလို့မရပါဘူး လွယ်လွယ်မရနိုင်ဘူးလို့ မြင်ပါတယ် ပေးတာကတော့ ပေးမှာပါ ပေးမှလည်း သူ့ဆီ လူက လာမှာလေ ရှေ့ က ဂိမ်းကစားသူတွေရဲ့ အကြိုက်လည်း လိုက်ရင်း သူ့အတွက်လည်း အကျိုးအမြတ် ရအောင် ဖန်တီးယူသွားမှာပါ ဒီအပေါ်မှာ ကိုယ်တွေက ဘယ်လို အကျိုးအမြတ်ထုတ်ယူနိုင်မှာလဲ ဆိုတာတော့ တိုက်ပွဲတွေ ထွက်လာမှဘဲ မြင်သာထင်သာ ရှိမှာပါ အခုထိတော့ စောင့်ကြည့်နေရတုန်းပါဘဲ
ဒီနေ့ကတော့ စတင်းမွန်းစတား ရဲ့ ရာသီလိဒ်ပြီးဆုံးသော နေ့ပါဘဲ မျှော်လင့်ထားတဲ့အတိုင်းပါဘဲ စုစုပေါင်းကဒ် ခုနှစ်ခုရလိုက်ပါတယ် ကံကောင်းခြင်းတွေကတော့ အလေးမသာခဲ့ပါဘူး ကဒ်နည်းပါးခြင်းက အခွင့်အရေးနည်းစေခဲ့တာပါဘဲ စုစုပေါင်းရတာမှ ခုနှစ်ကဒ်တည်းဆိုတော့ ကောင်းမွန်တဲ့ ကဒ်တွေ ပါဝင်လာဖို့ကတော့ ဖြစ်နိုင်ချေ နည်းလွန်းနေခဲ့မှာပါ
ဒါကြောင့် အခုရမယ့် ကဒ်တွေဟာ သိပ်မကောင်းခဲ့ဘူးဆိုတာ သေချာပါတယ် အဆိုးထဲက အကောင်းနည်းနည်းတော့ ပါဝင်လာပါတယ် ရွှေကဒ် တစ်ကဒ်တော့ရလိုက်ပါတယ် တန်ဖိုးတော့ သိပ်မများပါဘူး ရိုးရိုး ကဒ်တွေထက် စာရင်တော့ ဒါလေး ရတာ မဆိုးဘူးပြောလို့ရပါတယ် စတင်းမွန်းစတားက အပေးနည်းပေမယ့် အပေးမှန်တဲ့ ဂိမ်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါတယ် သူကတော့ ဖြေးဖြေး နဲ့ မှန်မှန် သွားမယ့် အခြေအနေရှိပါတယ် ဒီလိုဘဲ နည်းနည်းချင်းကစားပြီး မှေးလိုက်ရပါတော့မယ်