ဒီနေ့တော့ အဆင်ပြေသွားပါပြီ အဆင်ပြေဆို ဆိုင်ပို့လိုက်ရတယ်လေ ဖုန်းကအိုပြီဆိုတော့ လုပ်ဆောင်ချက်တွေ သိပ်မကောင်းတော့ဘူး မသွက်တော့ဘူးလေ ဒါပေမယ့် ကိုယ်ကတော့ သဘောကျပါတယ် မကျလို့ လည်းမဖြစ်ဘူး ဒီဖုန်းအိုလေးနဲ့ဘဲ လုပ်စားနေရတာ အဆင်ပြေအောင် ကြည့်လုပ်ရတာပါဘဲ မရှိတာ မရတာကို တမ်းတ မှန်းဆနေလဲ
ရင်မောပြီး စိတ်ဖေါက်ပြန်သွားနိုင်ပါတယ် စိတ်ဆင်းရဲနိုင်ပါတယ် စိတ်ဓါတ်ကျနိုင်ပါတယ် ကိုယ်ရမည့်အရာဟာ ရမည်သာ
ဖြစ်လို့ တွေးတောပူပန်နေစရာ မလိုအပ်ပါဘူး။ ရှိတာ ရတာလေးနဲ့ ကျေနပ် နိုင်တာကလဲ ကောင်းမြတ်သော အရည်အချင်း
တစ်ရပ်ပါဘဲ။ ဖြစ်နိုင်တာကို အကောင်းဆုံး လုပ်ဆောင်ကြိုးစားကြည့်တာကတော့ သူတစ်ပါးအတွက် ရယ်စရာ ဖြစ်ကောင်း
ဖြစ်မယ် ကိုယ့်အတွက်ကတော့ မဟာအခွင့်အရေးတွေကို ရှာဖွေနေတာလည်း ဖြစ်နိုင်တာပါဘဲ
လွတ်မြောက်လမ်းဆိုတာ နေရာ ကျဉ်းကျဉ်းလေးဖြစ်လို့ ရှာဖွေရခက်ချင်ခက်ပါမယ် ရောက်ရှိရန်လည်း လွယ်ချင်မှလွယ်
ပါလိမ့်မယ်။ ဒါပေမယ့် ဒီအမှောင် လောက ပြင်ကျယ်ကြီးထဲမှာ နေရတာထက် အလင်းစက်မှုန်လေး တစ်ခုကိုတွေ့ရှိအောင်
ကြိုးစားတာက ပိုပြီးအကျိုးများနိုင်ပါတယ် အချိန်တွေ ကြာချင်ကြာမယ် လွယ်ကူနေမယ်မဟုတ်တာလည်း ဖြစ်နိုင်တယ်
ဒါပေမယ့် လွတ်မြောက်ရာလမ်းတော့ ရှာဖွေနေကြရမှာပါဘဲ
အဲ အမှန်တကယ်ပြောရမှာက ဒီအကောင်လေးအကြောင်းပါ ပြောနေတာက လိုရင်းမရောက်ဘူး ဖြစ်နေတယ်
ဟုတ်ပါတယ် ဒီအကောင်လေးပေါ့ ဟိုတစ်နေ့က လိုင်ချီးပင် အောက်ကခုံတန်းလေးမှာ ထိုင်ပြီးဖုန်းပွတ်နေတုန်း အပင်ပေါ်ကနေ ပခုံးပေါ်ကို ပြုတ်ကျလာတယ်လေ အပျံသင်စ အရွယ်လေးဖြစ်ပါမယ် အဲ့ဒါနဲ့ အသာအရာလေး ပါဘဲ ဘောပန်လေးနဲ့ ထိုးကလော်ပြီး လွတ်ရာကျွတ်ရာ နေရာ ရွှေ့ပေးလိုက်ရတယ်
ကိုယ်လဲ စိတ်ကူးပေါ်တာနဲ့ ဓါတ်ဖမ်းထားလိုက်တယ်လေ