တိုတောင်း၍ ပိုကောင်းသော ဘဝဒဿနများ
"The shorter and better philosophies of life"
"သူတော်လျှင် ငါကောင်းမည်" ဆိုတဲ့ အဆိုအမိန့် ဟာ
သူတော်ကောင်းနဲ့ ပတ်သက်တဲ့ အစစ်အမှန် ဒဿနမဟုတ်ပါဘူး။
လူတော်လူကောင်း တစ်ယောက်ရဲ့ မြင့်မြတ်မှုဆိုတာ
ကျွန်တော်တို့ နှလုံးအိမ်အတွင်းမှာ တည်ရှိပါတယ်။
ကျွန်တော်တို့ ကောင်းတယ်ဆိုရင် ဘယ်နေရာသွားသွား
ကောင်းမြတ်မှုက ကျွန်တော်နဲ့  အတူရှိနေတာပါ။
လူတွေက ကျွန်တော်တို့ကို ချီးမွမ်းရင် ချီးမွမ်းမယ်၊
ကဲ့ရဲ့ ရင် ကဲ့ရဲ့ မယ်၊ ဒါမှမဟုတ် အထင်သေးရင်သေးမယ်၊
သူတို့ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ကျွန်တော်တို့ ဟာ
ကောင်းမြဲကောင်းနေမှာပါ။ ဒါကသာ
သူတော်ကောင်းဒဿနအစစ်အမှန်ဖြစ်ပါတယ်။
The saying, "If he treats me good, I will be good to him",
is not a true philosophy about noble person.
Nobility of a clever and good person lies within us.
If we are good then wherever we go, the goodness stays with us.
People may praise us, blame us or they are contempt for us,
but whatever they say or do, we are still good.
This only is a true philosophy about noble person.
သူတစ်ပါးလေးစားခံထိုက်တဲ့ လူတစ်ယောက်ဆိုတာ
ဟိရိ၊ သြတ္တပ္ပဆိုတဲ့ ပင်ကိုယ်အရည်အချင်းရှိသူ၊
အခြားသူတွေကို ကြင်နာ၊ သနား၊ စာနာထောက်ထားသူ၊
သူတစ်ပါးထိခိုက်နာကြင်မှာကို စိုးရွံ့ သူဖြစ်ပါတယ်။ ဒါ့အပြင်
လိုအပ်ချိန်မှာ အကူအညီပေးဖို့ အမြဲ ပြင်ဆင်ထားသူဖြစ်ပါတယ်။
အခြားသူတွေကို အလုပ်အကျွေးပြုခြင်းဖြင့် နားလည်မှု၊ ကြင်နာမှု၊
သနားမှု၊ ရိုးသားမှု၊ ရိုးရှင်းမှု၊ ယဉ်ကျေးသိမ်မွေ့ မှု၊ နှိမ့်ချမှု၊
ရောင့်ရဲကျေနပ်မှုစိတ်ထားတွေကို ပြသရပါမယ်။ ဒါတွေဟာ
ဂုဏ်ယူသင့်တဲ့ ထိုက်တန်သော လူ့တန်ဖိုးတွေဖြစ်ပါတယ်။
ဒီလိုလူ့ တန်ဘိုးတွေ မရှိလျင် ကျွန်တော်တို့ ဟာ အသိဉာဏ်မဲ့တဲ့
တိရစ္ဆာန်နဲ့ သူမသာကိုယ်မသာ သတ္တဝါဖြစ်သွားပါလိမ့်မယ်။
A human being who is worthy of respect is one
who has the attributes of Fear and Shame,
who is kind, compassionate, and sympathetic to others,
who is afraid to cause harm to others and is ever prepared
to lend a helping hand when in need. By being of service to others,
we must show a spirit of understanding, kindness, compassion,
honesty, simplicity, gentleness, humility and contentment.
These are worthy human values which we should be proud.
If we don't have such values, we will be a living being
who is no better than those of animals without intelligence.
ဒေါက်တာအရှင်ကုမုဒ (ဗောဓိတထောင်ကြာတစ်ပွင့်)