ပြောထွက်တတ်တဲ့အဲဒီပါးစပ်...
PPTT သင်တန်းရယ် မစယသင်တန်းရယ် စုံနေလို့
မနားရ မအားရ မမောနိုင် မပန်းနိုင် တစ်ကျောင်းနဲ့တစ်ကျောင်း ပြေးလွှားသင်ပေးနေကြတဲ့ ပညာရေးကောလိပ်ကဆရာ ဆရာမတွေကို အမောပြေစရာပြောသွားတဲ့စကားက လခစားချင်းအတူတူတွေမို့လာသင်ပေးတဲ့ဆရာမတွေကို ရေတောင်တိုက်စရာမလိုဘူးဆိုပါလား...ဟယ် သူကတယ်ကိုရိုးပါလားလို့.....ကျမတို့လည်း ရိုးပါတယ်လို့...မနိုင့်တာဝန်တွေထမ်းရလွန်းလို့ အရိုးပေါ်အရေတင်မဟုတ်တော့ဘူး အရေပေါ်အရိုးတင်နေပါပြီလို့...တစ်ခန်းကိုသင်တန်းသား ၁၅၀/၂၀၀အနည်းဆုံးရှိတယ်..အခန်းပေါင်း ၁၈ခန်းရှိတယ်...တစ်ခန်းကထွက် တစ်ခန်းထပ်ဝင် သင်ရတာမို့ စာသင်ပြီးမောတဲ့အခါ သောက်စရာရေလေး အအေးဗူးလေးကို သင်ပေးတဲ့ဆရာတွေအမောပြေအောင် ဂါဝရအရပေးတာကိုတော့ ရိုးရိုးသားသားလူသူရှေ့လက်ခံပြီး နောက်တစ်ခန်းဆက်သင်နိုင်ဖို့ အမောပြေလေး ပွင့်ပွင့်လင်းလင်း သောက်ပါတယ်လို့....လူကြီးမင်းမို့.ပြောတတ်တယ်နော် တစ်ခန်းထွက် တစ်ခန်းကိုဝင် တစ်ဆောင်ကထွက် တစ်ဆောင်ကိုကူးလူးနေရတဲ့ နေပူပူကြားကတာဝန်ကျေအောင်ထမ်းဆောင်နေကြဆဲ ဆရာမတွေအပေါ်ထားတဲ့စေတနာက ရက်ရောလှချည်လား လူကြီးမင်းရယ်...ပညာရေးကောလိပ်ကဆရာ ဆရာမတွေသင်ပေးနေရတာ သင်တန်းသားက ၁၀၀ မဟုတ် ၂၀၀ မဟုတ်ပါ..အခု မစယ သင်တန်းဆို ၃၀၀၀ကျော်တယ် ..သင်္ကြန်လေးပဲအိမ်ပြန်လိုက်ကြရတယ်..ပြန်လာထဲကတောက်လျှောက်တာဝန်ဆက်ပြီးထမ်းနေကြတယ်...ပင်ပန်းတယ်လို့ ရင်ထဲကမမြင်...ဒါဟာတို့တာဝန်ပဲလို့ခံယူကြတယ်...အပူချိန် ၄၀ဒီဂရီကျော်ကို ပူတယ်မမြင် ပူတယ်မထင် ..မိနစ် ၃၀လောက်ဆိုင်ကယ်စီးပြီးတစ်ကျောင်းနဲ့တစ်ကျောင်းကူးချိန်မှာ နေအရမ်းပူနေတဲ့အချိန်များကူးကြရရင် ဦးနှောက်သွေးကြောပြတ်သွားမလားထင်ရလောက်အောင် တောင်ငူဟာသိပ်ပူတယ်..ဒါကိုကားပေါ်ကဆင်း ကားပေါ်ပြန်တက်သွားတဲ့လူကြီးမင်းနားလည်မှာမဟုတ်ပါဘူး...အဆင်ပြေကြရဲ့လားတစ်ခွန်းမေးမသွားတာများ နာယကဂုဏ်မြောက်ပါပေ့.....ဆရာအင်အားကျတော့မဖြည့်ပေး..အောက်ကအခြေအနေကိုလည်းထဲထဲဝင်ဝင် ခြေခြေမြစ်မြစ် သိဖို့ကိုလည်းမကြိုးစား....လာလိုက်ရင် အပြစ်မှမပြောလိုက်ရရင် ထမင်းများစားမဝင်ဘူးလားပဲ...နေရာချင်းမလဲနိုင်ရင် ကိုယ်ချင်လေးတော့စာစေချင်...
သြော်....
ဒါနဲ့လေ. လူတိုင်းကကိုယ့်ကိုသိစေချင်ရင် နိုင်ငံကျော်အောင်ကြိုးစားပါလို့အကြံပေးပါရစေ..နိုင်ငံကျော်သမားမှ လူအများကကိုယ့်ကိုယ်သိပေမပေါ့...ကိုယ်က အခု အိမ်ကျော်လား ရွာကျော်လား မြို့ကျော်လား ကျောင်းကျော်လား ရုံးကျော်လား ဘာလား ညာလားမသဲကွဲပဲနဲ့ ငါ့လိုလူကြီးကိုမသိရကောင်းလား အရိုအသေမပြုရကောင်းလားလို့ ဖိမဟောက်ပါနဲ့... ကျမတို့ကနိုင်ငံ့ဝန်ထမ်းတွေ ပြည်သူ့ဝန်ထမ်းတွေပါ.လူကြီးမင်းအိမ်ကခန့်ထားတဲ့ဝန်ထမ်းမဟုတ်လို့ အချင်းချင်း အပြန်အလှန် ယဉ်ကျေးစွာပြောပါ .ပညာသားပါစွာစကားပြောပါ..နားဝင်ဆန့်အောင်စကားပြောပါ...လောဘမကြီးလိုက်ပါနဲ့. ကြိုးစားပါအုံး ကြိုးစားအုံးလို့ အားပေးပါရစေ...