Risk,
Risk Gambling
Calculated Risk and
Calculated Risk gambling
ဆုံရှုံးနိုင်ခြေ
ဆုံရှုံးနိုင်ခြေနှင့် ကစားခြင်း
ဆုံးရှုံးနိုင်ခြေ တွက်ချက်ခြင်း
သေချာတွက်ချက်ထားတဲ့ ဆုံးရှုံးနိုင်ခြေနှင့်
ကစားခြင်း
ဂဏန်း ၃လုံး ချဲထီမှာ
ဂဏန်း၃လုံးမှန်ရင်
အဆ ၆၀၀ လျော်မယ်ဆိုတဲ့အခါ
အများအားဖြင့်
ပေါက်ခဲ့ရင် ရမယ့်
အဆ ၆၀၀ ကို မြင်တယ်။
လောဘက ထွက်တော့
တစ်လုံးတစ်လေ ငွေနည်းနည်းနဲ့ထိုးလို့
မပေါက်တော့လည်း နည်းနည်းဆုံးတာ
မွဲမသွားပါဘူး ဆိုပြီး
ထိုးကြတယ်။
စိတ်ကြိုက်ဂဏန်း တစ်လုံးထိုးခြင်းဟာ
ပေါက်နိုင်ခြေ အကြိမ်တစ်ထောင်မှာ
တစ်ကြိမ်မို့ ဆုံးဖို့များပါတယ်။
ဒီတကြိမ်မပေါက် နောက်တကြိမ်ပေါက်မလား
ထပ်ကာထပ်ကာ ထိုးသလို
တစ်ကြိမ်ပေါက်ဖူးသူကလည်း
မြတ်နေတယ်ဆိုပြီး ပေါက်ထားတဲ့ငွေနဲ့
ဆက်ဆက်ထိုးရာက အရင်းပါ ပါသွားတတ်တယ်။
သေသေချာချာ မတွက်ချက်ဘဲ
ဂဏန်း တစ်လုံးတလေ
ပူးဂဏန်း ခွဂဏန်းတွေထိုးတာဟာ
Risk ဆိုတဲ့
ဆုံးရှုံးနိုင်ခြေများလှပါတယ်။
လူတွေဟာ လောဘကြောင့်
risk ကို မမြင်
risk gambling လုပ်မိနေတတ်ကြတယ်။
တကယ်တော့လည်း ဘဝမှာ
risk gambling တွေ စိန်ခေါ်မှုတွေ
များလှပါတယ်။
ဒါရောင်းရမလား
ဝယ်ရမလား
အလုပ်ထွက်ရမလား
အလုပ်အသစ်လျောက်ရမလား
နိုင်ငံခြားမှာ လုပ်နေမလား
ကိုယ့်တိုင်းပြည် ပြန်လာမလား စတာတွေပေါ့။
(အနည်းလေး ကိုယ်ကြိုက်တဲ့
မိန်းကလေး ရည်းစားစာပေးတာကအစ
risk gambling ပါပဲ။)
:D
သေသေချာချာတွက်ချက်မယ်
risk calculation or calculated risk
လုပ်မယ်ဆိုတာဟာ
ဖြစ်ချင်စိတ်ဆိုတဲ့
လောဘအောက်မှာ
ပျောက်သွားတတ်တယ်။
ဥပမာဆိုခဲ့တဲ့အတိုင်း
စုံဂဏန်း မဂဏန်း တခုခု
ဒါမှမဟုတ်
အထက်ပိုင်း ၅၀၀
အောက်ပိုင်း ၅၀၀ ထဲက
အပိုင်းတစ်ပိုင်းရွေးပြီး
ဂဏန်း အလုံး ၅၀၀ ထိုးရင်
ပေါက်နိုင်ခြေ ၅၀% ရှိနေပြီ။
ပေါက်ခဲ့ရင် ၁၀၀ မြတ်တော့မယ်။
ဒါက တော်တော်နီးစပ်ပါပြီ။
ဒီအခါ "တော်တော်နီးစပ်ပြီ" ဆိုတဲ့လောဘက
ထပ်ပိတ်တော့
၅၀% မှန်နိုင်ခြေ ဆိုတာကို
တွေးပုံလွဲပြန်တယ်။
ဒီ ၅၀%မှန်နိုင်ခြေဟာ
၂ခါထိုး တခါမှန်တဲ့ ၅၀% မဟုတ်ပြန်ဘူး။
စွန့်စားလိုက်သမျှ အကြိမ်တိုင်း
မှားတဲ့ ၅၀% ထဲ ရောက်နိုင်ပြန်တယ်။
နောက် အသေးစိတ်တွက်မယ်ဆိုရင်
ငါးကြိမ်မှန် တစ်ကြိမ်မှားဆိုရင်
အရင်းပဲ ဖြစ်နေပြန်ရော။
ငါးကြိမ်မှန် တစ်ကြိမ်မှား ဖြစ်ခဲ့ရင်
အရင်းသာ ပြန်ဖြစ်နေတဲ့အချိန်မှာ
သတ္တမအကြိမ်ထိုးလို့ ပေါက်မယ်ဆိုမှ
အသားစီးရမှာ ဖြစ်တယ်။
သေချာလောက်ပြီလို့
စံနစ်တကျတွက်ချက်လုပ်ကိုင်တာကို
"calculated risk gambling " လို့
ခေါ်ပါတယ်။
ဆုံးရှုံးနိုင်ခြေ အနည်းဆုံးကို
ရွေးချယ်စွန့်စားတာပါပဲ။
ဘဝမှာ စွန့်စားလုပ်ကိုင်ရတိုင်း
တစ်ခုခု လုပ်ကိုင်ရတိုင်း
calculated risk gambling ဆိုတာလေး
တွေးမိတတ်ပါစေ။