မေ့လိုက်
=====
ရထားဆိုတာ အမြဲသွားနေမှ ကဗျာဆန်တာ
သံသရာဆိုတာကြီးကလည်း
မင်းဆေးစက်ချရာ အရုပ်ထင်နေမယ့် ပန်းချီကားတစ်ချပ်ပဲ
တိုက်ခိုက်ရင်း ချစ်ခင်ရင်း ရှင်သန်နေတယ်ဆိုတာ
ဘဝတစ်ခုစာလေးပဲလေ ။
ဒဏ်ရာ အနာတရ ဆိုတာမျိုးက
သံယောဇဉ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်တယ်
မင်းနောက်ကျောကိုလည်း
ကြည့်စမ်းပါအုးံ ဒဏ်ရာတွေချည်းပဲ
အဲဒါ အမှတ်တရ လို့ခေါ်တယ်
အကောင်းဆုးံလို့ထင်ထားတဲ့အရာတွေဟာ
လိမ်ညာလှည့်ဖျားမှုတစ်ခုလည်း
ဖြစ်နိုင်ခွင့်ရှိတယ်မဟုတ်လား
အဲဒါ.....
လောကကြီးရဲ့ပေးတဲ့ ပညာပဲ ။ ။
မြို့ငယ်လေးကိုမေ့လိုက်
မဆက်သွယ်လာတဲ့ ph callတွေကို မေ့လိုက်
နာကျင်စေနိုင်တာ မှန်သမျှ မေ့ထားလိုက်ပါ
စိတ်ခံစားချက်ကို ဟာသတွေနဲ့
ရောထွေးအန်ချလိုက်
အနည်းဆုးံတော့ သက်သာတယ်
ဝေးနိုင်သမျှ ဝေးခဲ့ပြီပြီးပဲ
ဘာကို မျှော်လင့်နေသေးတာလဲ
မေ့လိုက်........
သူတို့ သတိရလာလိမ့်မယ် ။ ။