ပေါက်တက်ကရ
မိုးညများသည် စောရ ဆန်သည်
သိုသိပ်မှုများ ဖောင်းပွလာမှုအားစေ့ဆော်နေသော
ခလုတ်သီချင်းများရပ်နားပါ
အမုန်းတရားဖြင့် ကြည့်လျှင်
အလှတရားမှန်သမျှ အကျည်းတန်စရာကောင်းလှပေ၏
ပြတင်းပေါက် ပိက်ရန် ငါးမိနစ်အလို မိုးစက်တစ်ပေါက် တံခါးလာခေါက်သည် ကျွန်ုပ် ကော်ဖီတစ်ခွက်ဖြင့်
တည်ခင်းပေးလိုက်၏
ခါးတယ် ခါးတယ် မင်းသိပ်ကို ခါးလွန်းတယ် ။ ။
msu no.055