သေချာစဉ်းစားပြီး
သေချာ ဆုံးဖြတ်ကြပါဗျာ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ပြောချင်တယ်။
ဒီနေ့ မယ်ဆိုင်ဂူထဲကနေ နောက်ဆုံးထွက်လာမယ့် ဘောလုံးနည်းပြဟာ အကယ်၍များ ထိုင်းမှာ တရားဝင်နေခွင့်ရှိတဲ့သူ မဟုတ်ခဲ့ရင် immigration ဥပဒေအရ အရေးယူခံရမယ့် မြန်မာလူမျိုး ဖြစ်တယ်။
ဒီလူဟာ စိတ်ဓာတ်ပိုင်း (mentally)၊ ရုပ်ပိုင်း (physically) ကြံ့ ခိုင်ယုံတင်မက ယုံကြည်မှု့  (spritually) မှာပါ ခိုင်မာတဲ့ ထိုင်းမှာရောက်နေတယ့် မြန်မာ့ သားကောင်း နောက်တစ်ဦးပါ။ ဒီလောက် သေမင်းနဲ့ လက်တစ်ကမ်းအကွာ၊ ပိန်းပိတ်မှောင်နေတဲ့ ဂူထဲမှာ ၉ ရက်ကျော် အစာပြတ် ရေပြတ်ဖြစ်နေချိန်မှာ ကူသူ ကယ်သူ ဘယ်တော့လာမယ်၊ ဘယ်တော့မှလဲ လာမှာ မဟုတ်နိုင်ဘူးဆိုတာ လူကြီးတစ်ယောက်ဖြစ်တဲ့ သူဟာ မတွေးမိဘဲ နေမှာမဟုတ်ဘူး။
ဒီလောက်ဆိုးဝါးလွန်းတဲ့ အခြေအနေမှာ ဒီကလေး ၁၂ ယောက်ကို စိတ်တည်ငြိမ်အောင်၊ စိတ်ဓာတ်မကျအောင် သူ ထိန်းနိုင်ခဲ့တယ်။ သူတို့အားလုံးမှာပါသွားတဲ့ chips အကြော်လေးတွေကို သူမစားဘဲ ကလေးတွေကို မျှဝေ ကျွေးသွားခဲ့တယ်။ (ကြုံတုန်းလေး ထည့်တယ့် စကားချပ်။ ရသမျှသဲ့ထည့်၊ အစာအိမ်၊ အူချီး အူမပါမကျန်ပြည့်ဖောင်းနေတာတောင် အားမရနိုင်၊ ပါးစပ်ထဲမှာ လည်းပ
လုပ်ပလောင်း၊ လက်နှစ်ဖက်မှာလည်း ဆုပ်ထားသေးတယ့် ဒို့နိုင်ငံက ဟိုလူကြီးတွေနဲ့တော့ကွာပါ့အေ)
အားလုံးထဲမှာ သူအားအနည်းဆုံးပါတဲ့။
ဒါပေမယ့် နောက်ဆုံးမှ ထွက်တယ်။
သူ့ရဲ့ ထိန်းကျောင်းမှု့အောက်မှာ ဒုက္ခကို ညီညီညွတ်ညွတ် ဒီကလေးတွေ လည်စီးခံနေနိုင်ကြတာကို ကြည့်ခြင်းအားဖြင့် ဒီလူရဲ့ ဦးဆောင်နိုင်မှု့၊ တာဝန်ခံနိုင်မှု့၊ တာဝန်ယူနိုင်မှူ့၊ ခေါင်းဆောင်ပီသစွာ အနစ်နာခံန်ုင်မှု့တို့ကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်တယ်။
ဆိုတော့ကာ။ မြန်မာနိုင်ငံ ဘောလုံး အသင်းချုပ်ရေ။ ဒါလေးတော့ ပြောချင်တယ်။
ဒီလူသာ ထိုင်းကနေ Deport လုပ်ခံခဲ့ရရင် လက်ကမ်းကြိုပါ။ အလုပ်ပေးပါ။ အရောင်တောက်အောင် သွေးပါ။ သူစောင့်ရှောက်ချင်တဲ့ အဖွားကို စားဝတ် နေရေး ကျန်းမာရေးကအစ သူ စောင့်ရှောက်နိုင်လောက်တဲ့ ဝင်ငွေကို ပေးပြီး ဒီမိဘမဲ့လေးကို မြန်မာပြည်မှာ လင်းလက်ပါစေလား။