အကူညီ တစ်ခုတောင်းတိုင်း အားနာကြီးတတ်တဲ့
စရိုက်ကြောင့် ခေါင်းခါမငြင်းရက်သောအခါ..
သူတပါးအခက်ခဲ ကိုမြင်တိုင်း ကိုယ်များဖြစ်ခဲ့ရင်ဆိုပြီး
မိမိစိတ်နဲ့နှိုင်းကာ ကိုယ်ချင်းစာပြီး ဖြေရှင်းကူမိတဲ့အခါ..
သူတပါးဒုက္ခကိုမြင်တိုင်း ထပ်တူနီးပါး ခံစားရသလို
သနားကြင်နာမိတဲ့အခါ..
ဒီစိတ်ထားပိုင်ဆိုင်ထားတဲ့သူဟာ
တဖက်လူရဲ့ လိုအပ်ချက် ဘာမဆို အကူညီတောင်းသမျှ
တတ်နိုင်တဲ့ဘက်က အလွယ်တကူ လိုက်လျော ကူညီခဲ့ဖူးတာများတယ်..။
ကူညီရပေမဲ့ ပြန်ရစေလိုတဲ့ ဆန္ဒ သူတို့မှာ တစ်ခါမှ မရှိခဲ့ပါဘူး..။
ဒါပေမဲ့ စေတနာကို အသိအမှတ်မပြုလိုက နေပါ ..
စေတနာစော်ကားခံရတဲ့အခါ ..
သူတပါးကူညီသူတွေဟာ ကြောက်ရွံ့ပြီး နောင်တရရင်း သင်ခန်းစာအဖြစ် ယူသွားကြတယ်..။
တခါတရံမှာ
သူတိုထံက ပြန်ရလိုက်တာက စေတနာ
စော်ကားခံရခြင်း..
အားနားတတ်တဲ့ စိတ်ကြောင့် သူတို့ရဲ့သိက္ခာတချို့ ထိပါးခဲ့ဖူးခဲ့ခြင်း..
ညှာတာတတ်လွန်းတဲ့ စိတ်ကြောင့် စေတနာကို အခွင့်ရေးယူတာခံရခြင်း. .တို့ကြောင့် တကယ်အခက်ကြုံတဲ့သူ တွေကို ကူညီဖို့ရာ နောက်တွန့်သွားကြတယ်..။
တကယ်က သူတို့ မကူညီချင်လို့မဟုတ်ဘူး
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို သင်ခန်းစာ တချို့ကြောင့် ကူညီရမှာကို
ကြောက်ရွံ့သွားကြလို့ပါဘဲ..။
ဒါကြောင့် ..
ကူညီသူရဲ့ စေတနာကို တန်ဖိုးမထားရင်နေပါ
ကိုယ်ကြောင့် သူတပါးအပေါ်ပါ စေတနာပျက်စေတာမျိုး
မလုပ်မိဖို့ပါဘဲ..။
'' ရယူခြင်း ပီတိထက် ပေးဆပ်ခြင်းကပိုချိုမြိန်၏ ''
ဆိုသလို ပေးဆပ်သူများခံယူထားတဲ့ သူအတွက်
ဖျက်ဆီးတားမြစ် မေတ္တာပျက်သူဖြစ်အောင် မလုပ်မိဖို့လိုပါတယ်..။