ကျွန်တော်တို့ တတွေ..ကိုယ့်စိတ်နဲ့ ကိုယ့် ကိုယ်လုံးတောင်..စိတ်တိုင်း မကျကြပါ
အရပ်ဒီထက်ပိုရှည်ချင်တယ်...
ဆံပင် ကောက်တဲ့ သူကဖြောင့်စင်းချင်တယ်...
ကောက်သားပါတဲ့ သူက ဖြောင့်ချင်တယ် .ပိုချောချင်တယ် အအိပ်မမက် ချင်ဘူး...
အပျင်းမကြီးချင်ဘူး ..ဝတဲ့သူက ဝိတ်ကျချင်တယ် ပိန်တဲ့လူ က လှ ယုံလေးပြည့်ချင်တယ် .
အစုံပဲ..
ကိုယ့်စိတ်နဲ့..ကိုယ့် ကိုယ်တောင် ဖြစ်ချင်တိုင်း မဖြစ်...စိတ်တိုင်းမကျ.. ဖြစ်နေကြတာ လေ .......
ကိုယ့်စိတ်နဲ့ သူများကိုယ် ဆိုတာတော့ အဝေးကြီး ပဲ ဗျ .
ကိုယ်တောင်မဟုတ်တဲ့ သူများတကာလေ..လူတဖက်သားလေ..
အဲ့လိုမျိုး လူတစ်ဖက်သား ကို ကိုယ့်စိတ်နဲ့ ..တထပ်ထဲ ကျအောင်လုပ်ယူမယ်ဆို ရင်တော့..မဖြစ်နိုင်သလောက်ပါပဲ....ကိုယ်တစ်ယောက် ပဲ..စိတ်ပင်ပန်းဆင်းရဲရမှာ ပါ
ဒါဆို ကိုယ့်စိတ်ထဲ က ဖြစ်ချင်နေတဲ့..ကိုယ့်ဆန္န အတိုင်း လူတစ်သက်သား ကို ငွေကြေးအားဖြင့် ၄င်း..လက်နှက်သြဇာ အာဏာ တို့နဲ့..by force ဇွတ် ဖိအားပေး လုပ် ခိုင်း လို့မရဘူးလား..ရပါတယ်..
ဒါပေမဲ့..ဒီလိုလုပ်ရပ်ဟာ မတရားမှုပါပဲ..
တနည်းအားဖြင့် ပြောရရင် ဒါဟာ..
'' အဓမ္မ '' ပဲ...တရားနဲ့ ဆန့်ကျင်ခြင်း.. တရားမရှိခြင်းတမျိုးပါပဲ ..
ပြောင်းပြန် ပြန်တွေးကြည့်..ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဒာ တသားတည်း ဖြစ်ရအောင်.. အရှိကို အရှိအတိုင်းလေး လက်ခံ.ပြီး
အချိန်အခါ အခြေအနေ နဲ့ လိုက်ပြီး.စိတ်အေးချမ်းသာ အောင်...
မေတ္ထာ ဓာတ်ကလေး..နဲ့နေကြည့်
လူတွေ ကို စိတ်ရဲ့ အကြည်ဓာတ်လေး နဲ့ အကောင်းမြင်ကြည့်ပါ..
စိတ်ချမ်းသာ အောင်.. သမမျှတအောင်..တွေးတော လုပ်ကိုင်..ပြောဆို ပြုမူ ပြီးသာ နေကြည့်...အဲ့တာ တရားတာပဲ...
တနည်းအားဖြင့်ဆိုရင် ဒါဟာ.''ဓမ္မ ''ပဲ..
တရားရှာ ကိုယ်မှာ တွေ့ တဲ့..
ဟုတ်ပါတယ် တခါတလေ ကျွန်တော်တို့..ဆို တာ အမှောင်ထဲ အပ်ပြောက်ပြီး အလင်းထဲ ထွက်ရှာမိနေတဲ့..လူလိုပါပဲ .
အလင်း လို့ထင်တဲ့..ဆရာတွေ စာအုပ်တွေ.. တရားတော်တွေ .ဗဟုသုတ တွေ နောက်သာ အမောတကောလိုက်ရှာ နေတာ..
ကိုယ့်စိတ်ရဲ့ အမှောင်ဆုံး အပိုင်းကို .ကိုယ်ပိုင် .ထိုးထွင်းသိမြင်နားလည်မှု.. ကိုယ့် အသိဥာဏ် လေးနဲ့ ကိုယ် အလင်းပြန်မပေး နိုင်သရွေ့ တော့..
တရားကို တွေ့ နိုင်မှာ မဟုတ်သလို .
တရားနဲ့ နေနိုင်ဦးမှာ မဟုတ်ပါဘူး..
တရား ဆို တာ ဘုန်းကြီးကျောင်း..ထဲမှာ ဝတ်ပြု ဆုတောင်း ဘုရားကျောင်းထဲမှာ..စေတီပုထိုးမှာ..ရိပ်သာမှာ...မရှိပါဘူး.
နောက်ဆုံး .ကိုယ့်မသိသေးတဲ့..ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ့် ခန္ဒာ မှာပဲ ကိုယ့် defination နဲ့ .ကိုယ် ..
ကိုယ့် enlightment ထိုးထွင်းသိမြင် မှု နဲ့ ကိုယ် ကိုတိုင်ရှာမှ ကို တွေ့ မဲ့ အရာပါ ပဲ
ဒါကြောင့် ဗုဒ္ဓ ရှင်တော်မြတ်ဘုရားက
" မိမိ စိတ်ကိုယ် မိမိ အောင်နိုင်သူသည် ရန်သူ အသိန်းအသောင်းကို အောင်နိုင်ခြင်းထက်မြတ်၏ " လို့ဟော တော်မူခဲ့တာ