ကြွေစကွဲစများ
..................
အတူတူ ငေးဖူးရာ အိပ် တန်းပြန် နေဝင် ချိန် များ
ကန် ရေပြင် အစပ် က ရယ် သံအနွမ်းအ ဟောင်းများ
တစ် ယောက် တစ် လှည့်  စိတ် ကောက် ပြီး
တစ် ယောက် တစ် လှည့်  ပြန် ခေါ်ဖူးရာ ည နေချိန် များ
တူတူထိုင် ခဲ့ဖူးရာ ကော် ဖီဆိုင် လေးထဲ ဝေ့တက် လာတဲ့
က ဗျာရွတ် သံ ထိထိရှရှများ
ငါညှပ် ပေးဖူးတဲ့ လက် သည်းဖြတ် စများ
နင် ထိ တွေ့သပ် ရပ် ပေးဖူးတဲ့ ပါးသိုင်း မွေးတိုနနများ
နင် ရှင်းပြ ပေးဖူးတဲ့ ဗန် ဂိုးရဲ့ နေကြာပန်းများ
အာလူးစားသူမျက် နှာများ
စိတ် နဲ့ ခူးခဲ့ဖူးတဲ့ လာ ဗင်ဒါ ရနံ့များ
ကြာ တော့လည်း ဆွေး မြေ့သွားမှာပါ
ဘယ် သူမှ မရိပ် မိဘဲ ကြွေကျဖူးတဲ့ရွက် ဝါ လေးလို
တစ် ယောက် ငိုသံ တစ် ယောက် မကြား လောက် တဲ့အထိ
ဆွေး မြေ့သွားမှာပါ တဲ့...။
ပြောခဲ့ဖူးသူရဲ့စကားလုံး တွေမှာ
မျက် ရည် တွေစိုလို့...။