စာဖတ်သူများ အညာဒေသဆို စိတ်ဝင်စား ကြသူများ လေ့လာလိုချင်သူများ လက်တွေ့သွားရောက်ချင်သူများ များပြားလှသည်ဆို မမှားကြပါ။ ရန်ကုန် စီးပွားရေး မြို့တော်မယ် နေထိုင်ကြသူများ အလုပ် ကို နေ့ တိုင်း လုပ်ကြပြီး နွေရာသီအားလပ် ရက်အဖြစ် သတ်မှတ်ပြီး ခလေးများစာမေးပွဲပြီးလို့ ကျောင်းပိတ်ရက်တွေမယ် အညာ ဒေသ ထနှောင်းနံ့ တမာနံ့ မွေးသော အညာဒေသဆီသို့ ကိုယ်ပိုင် ကားနှင့်သော်လည်းကောင်း စင်းလုံးငှား ကားဖြင့်သော်လည်းကောင်း မြန်မာ့ မီးရထား ဖြင့်သော်လည်းကောင်း သွားရောက် တည်းခို၍ အသေးစိတ်လေ့လာ ကြသည်မှာ အများအပြားဖြစ်သည်ကို တင်ပြချင်ပါတယ်။ သွားကြရင်းဖြင့် ပုဂံဒေသ ပထမ မြန်မာ နိုင်ငံ စာပေနှင့် ယဉ်ကျေးမှု ဘာသာရေး ကို စွမ်းစွမ်း တမံ အတုမရှိတည်ထောင်ခဲ့သော အနော်ရထာ ဘုရင် မင်းမြတ် တို့၏ ထုံးတမ်းအစဉ်လာများ ကို တစ်စိတ်တဒေသ မျှလောက် သိတွေ့ခွင့်ရကြရင် ကျေနပ်နေမည်မှာ အားလုံးလိုလို ဖြစ်ပေလေတော့သည်။ ဧရာဝတီမြစ်ကြီး အနောက်ဘက်ကမ်း အရှေ့ဘက် ကမ်းတလျှောက် အထင်ကရ လေ့လာစရာများ သမိုင်းများလည်း လေ့လာ၍ မကုန်နိုင်အောင် သာသနာရေး နှင့် သက်ဆိုင်သော အလေ့အထများ စေတီပုထိုးများများစွာ ရှိလှတာကိုလည်း မြင်တွေ့ ကြရမည် ဖြစ်ပါလေတော့သည်။ပုဂံဒေသ နှင့် ဆက်စပ်နေသော ချောက်မြို့ နှင့် မြစ်အနောက်ဘက်ကမ်း ချောက်မြို့ တံတားကျော်သော ပွင့်ဖြူမြို့နယ်က ကိုမောင်ဇော် အညာသားလေးအကြောင်း တင်ပြချင်မိပါတယ်။
တောင်သူမိဘများမှ မွေးဖွားလို့ တောင်ယာအလုပ်ဖြင့် အသက်မွေးအလုပ် လုပ်ရင်း မိခင် အိုကြီးကို ယနေ့တိုင် အိမ်ထောင်မပြုဘဲ ရိုးယာ တောင်ယာ အလညပ်ဖြင့် သဘာဝကျကျ လုပ်ကိုင် နေတာကိုလည်း မျက်လုံးထဲကို မြင်မိအောင် တင်ပြချင်မိတာ တော့ အမှန်ပါလေ။နာမည်က ကိုမောင်ဇော်ပါ အရပ်က ၆ပေ အသားမဲပေမယ့် အမျိုးဂုဏ်ဆောင်ပြီး ဘာသာရေးလုပ်ငန်းများပါမကျန် သာသနာရေး အဓွန့်ရှည်ရန် အတွက် သမိုင်းကြေသူဟု တင်စားလိုက်ချင်ပါသည်။
မိရိုးဖလာ တောင်သူ အညာဒေသ အလုပ်ကို မပြင်း မရိ ဖြင့် တောင်ယာ အလုပ်ကို ရာသီအလိုက် တာဝန် သမိုင်ူအရ လုပ်ဆောင်နေတာကလည်း တရွာလုံး တနယ်လုံးအပြင် ကျနော်အထိ သိနေတာကလည်း မလေးစားဘဲ မနေနိုင်အောင် ဖြစ်နေလျက်မို့ပါ။
အသက် အရွယ် ကြီးသော မိခင် အိုကြီးကို ပြုစုစောင့်ရှောက်ရင်း ဘာသာရေး သာသနာရေး လူမှုရေးများပါ မကျန် အဖက်ဖက်မှ ဒေါင့် စိအောင် စွမ်းဆောင်နေတာက အညာဒေသရဲ့ ပြောမပြတတ်အောင် ရိုးသားသော အသက် ၄၀ဝန်းကျင် လူပျိုကြီး ကို ညွှန်းဆိုရမည်ပင်ဖြစ်နေလို့ပါဘဲ။ကိုမောင်ဇော်ဟာ အရပ်ရှည်သလို စိတ်ရှည်တယ် အသားမဲသလို အသဲနှလုံး ဖြူစင်ပြီး ချစ်သူတွေကိုတော့ ဘဝအတွက် မေ့ထား နေသလားလို့ ထင်မြင်မိတာတော့ ကျနော့အထင်ပါလေ။
ရပ်ရွာအတွင်းမှ ရွာဦးကျောင်း ဆရာတော် သံဃာတော်များနှင့် ခလေးသူငယ်များပါမကျန် ချစ်ကြ လေးစားကြသည်မှာလည်း မျက်မြင်သွားရောက်မည်ဆို အံသြစွာ မြင်တွေ့ရမည်ဆို မမှားပါပေ။
မျိုးဆက်သစ် လူငယ် လေးများအတွက် အလင်းပြသူ စိတ်ရှည်စွာ သမိုင်းပေးနေသည်မှာလည်း ထူးခြားသော စွမ်ူဆောင်ရည်ဖြစ်ပေလေတော့သည်။ ကိုမောင်ဇော်လို လူမျိုး မြန်မာပြည်မယ် များစွာရှိနေမည်ဟုလည်း ကျနော် ယုံကြည်မိပါတယ် ။ရှိလည်းရှိစေချင်တာအမှန်ပါ။
လူသားတိုင်း နုညံ့သော နှလုံးရှိပေမယ့် မျိုးဆက်သစ်လူငယ်လေးများကို စိတ်ရှည်လက်ရှည် မိမိဘဝကိုပါ တကိုယ်ကောင်း မဆန် ဘဲ ဘာသာသာသနာကို ပြန့်ပွား အောင် ပရဟိတ ဆန်ဆန် လုပ်ဆောင်ချက်တွေက နှိုင်းမပြတတ်အောင် ညွန်းဆိုမိချင်တာ အခုရေးတာထက်မကအောင်ပါလို့ မြင်မိစေချင်ပါတယ်လေ။
ပုဂံဒေသနှင့်နီးစပ်နေတာက တကြောင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရင်း တက်တက်ကြွကြွ အားသွန်ခွန်စိုက် မည်သူ လုပ်နိုင်ပါမည်နည်းဟု စာရေးရင်း တွေးမိ မေးမိနေတာ အမှန်ပါ။ သာသနာဟာ အဓွန့်ရှည်ဖို့ လူငယ်မျိုးဆက်သစ်ပေါမယ် လွှဲအပ်နေရမည်မှာ အမှန်တရားတခုမဟုတ်ပါလော။ခေါင်းဆောင်ကောင်းရင် နောက်လိုက် ကောင်းမည်မှာလဲ မမှားပါပေလော။
အညာဒေသက ကိုမောင်ဇော်လို စိတ်ရှည် သည်းခံ ဘာသာ သာသနာ အဓွန့်ရှည်ရန် လုပ်ဆောင်နေတာတွေ ရပ်ရွာမည်လည်း လူမှုရေး ဘာသာရေးပါမကျန် စွမ်းဆောင်နေတာတွေ မိခင်အိုကြီးကို တောင်ယာလုပ်ရင်း ဓလေ့မပျက် အိမ်ထောင်မပြုဘဲ လုပ်ကျွေးနိုင်မည်လော။
အညာဒေသဟာ ရိုးရှင်းတယ် ပွင့်လင်းတယ် ရာသီပေးမှ စပါးပေါမယ် ဆီထွက်ကောင်းမည်။တောင်ယာလုပ်မယ် ရပ်ရွာအကျိုး လူမှုရေး ဘာသာရေးနှင့် သာသနာ အကျိုး ဆက်လက်ခိုင်ခန့် ဖို့ ရိုးသားကြိုးစား မာန်မနားမထားဘဲ အညာဒေသ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက အညာသားလေး လူပျိုကြီးလို လုပ်ဆောင်နိုင်ပါစေလို့ message လေးပေးရင်းတင်ပြလိုက်ရပါသည်။