နေကပူနေသည် နေပြည်တော် junction centerက ၁၀နာရီမှဖွင့်လေတော့သည်။ ဝယ်စရာမများပေမယ့် အသုံးလိုလို့ junction မယ် သီးသန့်လာဝယ်ရလေသည်။ နေတာက ရွှေကြာပင် သိပ်မဝေးပေမယ့် ကားနှင့် ဆိုင်ကယ် တခုခုနဲ့ လာမှ အဆင်ပြေပေလိမ့်မည်။ဝယ်စရာတွေ အစုံပေါလှပေသည်။ဘာစားမလဲ ဘာသောက်မလဲ ဘရမ်းမြင့်တာတွေပေါလှပေသည်။
ဟင်းသီး ဟင်းရွက် ကုန်စို ကုန်ခြောက် အထည် အိမ်တွင်း ပစ္စည်းမျိုးစုံပေါလေ ၏။မနက်၁၀နာရီ ဖွင့်ည ၉နာရီပိတ်လေတော့သည်။လာဝယ်ကြသူများလည်း များပြားလှပေတော့သည်။
ရောင်းချထားသော လူသုံးကို ပစ္စည်းများ မှာ များပြားလှပေသည်။အိမ်က ဇနီးနှင့် သားသားက junctionသို့ လိုက်ပို့ခိုင်းလေတော့သည်။နေ့ခင်း နေပူချိန်ပြင်းချိန် junction သို့ ကားဖြင့် လိုက်ပို့ပေးရ၏။သားသားက ပူလို့ ရေခဲမုန့် ဆိုင်သို့ဦးတည်နေတော့သည်။ရေခဲသုတ်တပွဲကျနော်ကမှာလိုက်သည် သားသားက ခနခန ကော်စားနေပေတော့သည်။ ရာသီက လည်း ပူလေသည် junction ထဲကတော့ အဲယားကွန်း fullဆိုတော့ နေရတာ ဇိမ်ကျနေပေတော့သည်။
အိမ်အတွက် လိုအပ်တာများ ရွေးဝယ်နေရသည်။ ရွေးဝယ်တာက ဈေးသက်သာပြီး မဖြစ်မနေ အသုံးပြုရမှာများဖြစ်နေပေတော့သည်။သားသားကတော့ သူကြိုက်သော သေနတ် အရုပ်ဆိုင်သို့ ကြိုက်တာ ငေးနေလေတော့သည်။မိသားစုလိုက် လိုချင်တာများ များနေတော့ ဆိုင်များအတွင်းရှိတာများ ဝယ်တာက တချို့ နောက်တခေါက်လာရင် ဝယ်ဖို့ပါ ကြည့်ထားနေရလို့ အချိန်တွေ ကုန်စေလေတော့သည်
။
ညနေစောင်းတော့ အပေါ်ထပ် အောက်ထပ် အစုံ ရောက်နေတော့၏။အရုပ်ဆိုင်များ အထည်ဆိုင်များ ညနေကြရင် ကစ်ဖို့လေး ဝီစကီလေး ပါမကျန် အကုန်ဝယ်လာတော့သည်။မိသားစု၃ယောက် junction center ထဲ မယ် လိုချင်တာများ ဝယ်ယူပြီး ပြန်လာပေတော့သည်။
တနေ့တာ အလုပ်များ ဝယ်စရာများ ကလည်း မနည်းလှပေသည်။ ဝင်ငွေ ကောင်းဖို့လိုပေသည်။ အလုပ်တိုင်း ဝင်ငွေမကောင်းကြပေမယ့် ရွေးချယ်ခွင့်ရှိမယ်ဆိုရင် income ပိုဝင်တာ လုပ်သင့်ပေသည်။ဒေသထွက်ပစ္စည်းများလည်း နေ့စဉ်ဝယ်နေကြရသလို အခြားနိုင်ငံခြားဖြစ်တွေလည်း အသုံးပြုနေကြသည်။oneday shopping ထွက်ရပြီနောက်လည်း သွားနေရဦးမည်။
နေပြည်တော် ရောက်ရင် junction center marketသို့ လာဝယ်ကြရင်း အနားယူ နိုင်ပါကြောင်းတင်ပြလိုက်ပါသည်။