ဒီနေ့အစောထရပေတယ် ။ နေပြည်တော်မယ် အလုပ်လုပ် ရတာကလည်း ဝန်ထမ်းများလို့ လစာထုတ်ရက် ပတ်ရှာလည်ဆိုအဆင်ပြေလှပေတော့သည်။
ဒီနေ့ဟာ april 21 ရယ် စနေနေ့ရုံးပိတ်ရက်ဆိုတော့ အိပ်ယာမှအစောထကြရပေသည်။
ဇနီးဖြစ်သူကို ထမင်း ပူပူလေးစားချင်လို့ ထချက်ခိုင်းရသည်။ ခရမ်းချဉ်သီး ထောင်းလေးကလည်း ထမင်းဖြူနဲ့ တအားစားလို့ကောင်းပေတော့သည်။
ထမင်းပူပူ နဲ့ ပဲခြမ်းလ္ဘက်သုတ် ခရမ်းချဉ်သီး ထောင်း ဖြင့် မနက်စောစောဆို စားလို့တအားကောင်းပေတော့သည်။ တခါတလေ ရေနွေးကြမ်းဖြင့် သောက်ကြစားကြပေတော့သည်။ ဒီနေ့တော့ ကျနော်က ရေတခွက် အပြည့် ခတ်ကာ စားလိုက် သောက်လိုက် ဖြစ်နေလေတော့သည်။ အခုလ april လဟာ အပူဆုံးလဖြစ်လေသည်။ကျနော်ကတော့ ရေနွေးကြမ်း မသောက်ဖြစ်တော့ပေ။ ရေဘဲ နေ့တိုင်း သောက်ဖြစ်နေတယ်။
အစောထပြီး ထမင်းဖြူက မစားခဲ့လျင် ကားဂိတ်ရောက်တာနဲ့ ဗိုက်က တအားဆာပေသည်မလို့ မိုးလင်းတာနဲ့ အရင်စားမှအဆင်ပြေလှပေသည်။
ခရမ်းချဉ်သီးကို လျှပ်စစ်ဒယ်အိုးပေါ်တွင် ဆီများဖြင့် ကြော်လိုက်လေတော့သည်။
ကြော်ပြီးမှ ငရုပ်ဆုံဖြင့် အသင့်ထောင်းထာ ကုလားအော်သီး အခြောက်ကို ဆားနဲ့ ထောင်းထားရပေသည်။ ပဲဆီစစ်စစ်လေး ဆန်းပြီး ကြက်သွန်နီထည့်လိုက်ရင် တအား စားကောင်းသော အထောင်းတစ်ခွက် ဖြစ်နေလေတော့သည်။
မနက်စောစော ထမင်းဖြူနှင့် အလိုက်ဖက်ဆုံး အစားအစာဖြစ်လေတော့သည်။
ပဲခြမ်းကျွတ်ကျွတ်လေးရယ်
လ္ဘက်နုနုလေးတွေရယ်
မြေပဲဆန်ကို ကြော်ထားပြီး ပဲခြမ်းသုပ်ဟာ မနက်စောစော ထမင်းဖြူဖြင့် စားလို့ အကောင်းဆုံးဖြစ်နေလေတော့သည်။ အလုပ်လုပ်ချိန်မယ် ထမင်းဆာလာရင် အဆာပြေစားလည်း ပိုဆာလာတတ်ပါသည်။ ထို့ကြောင့် ကျနော်က ထမင်း ကို မနက်စောစော ပူပူလေး စားဖြစ်နေခြင်းဖြစ်လေတော့သည်။
အလုပ်ဆိုတာကလည်း ကိုယ်ဝါသနာပါတာ စိတ်ဝင်စားတာမှ ကျွမ်းကျင်မှုဖြစ်လာပေလိမ့်မည်။ အစားအသောက်လည်း တဦး နှင့် တဦး မတူလှပေတော့သည်။ တချို့က မနက်စောစော ထမင်းစားမရပေ။ လ္ဘက်ရည်သမားကလည်း လ္ဘက်ရည် သောက်လိုက်ရမှ အဆင်ပြေကြသည်မလို့ ကိုယ်ကြိုက်တာ စားကြလေတော့သည်။
အလုပ်ခွင်သို့ သွားကြရပေမည်။ပြတ်တုန်း လပ်တုန်း၂၃က ရောက်တော့မယ်မလို့ နေပြည်တော်မယ် taxi ဆွဲရတာကလည်း မလွယ်လှပေတော့သည်။
အထူးကြိုးစားနေရသည်။ စရိတ်ချွေတာနေရင်္ပြ။ ကွမ်း ဆေးလိပ်တောင် ချွေတာရင်း ကျန်းမာရေးကို ကာကွယ် နေပြီဖြစ်လေတော့သည်။
ရက်တွေကလည်း ကုန်တာ မြန်လှပေသည်ဟု ထင်မိပေသည်။
အခုရက်မယ် နေ့တိုင်း အစောထပြီး စားဝတ်နေရေးအတွက် လှုပ်ရှားနေရပေဦးမည်။