Sunday ဆိုတော့ ရုံးပိတ်တယ် အ ချိန်ရလို့ဘုရားသို့ လိုက်ပို့ရလေတယ် ။နေက ပူသော်လည်း နေပြည်တော်ဗုဒ္ဓဂါယသို့ ဖူးကြလေသည်။ အပူချိန်က ပိုပူပူလာသည်။တပေါင်းလ နေဆိုတော့လည်း အပူချိန်က သစ်ရွက်တွေတောင် ကြွေကြစေတာမို့ ရိုးတံလေးတွေ နဲ့ ရွက်နုဝေစေမို့ ကြို နေလျက်ပေ။
နေပြည်တော် ဗုဒ္ဓဂါယ က ဖွားတော်မူ ပရိနိဗ္ဗာန် စံတော်မူတဲ့ အင်ကြင်းတော
တရားဦးဟောတော်မူရာ နှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်များ ဖူးမြော်ကြပေသည်။အိန္ဒိယနိုင်ငံက ကဲ့သို့ တည်ထားသဖြင့် မြန်မာ အများပြည်သူများ အလွယ်တကူဖူးမြှော်နိုင်ပေသည်။လပြည့်ရက်များတွင် မြို့ပေါင်းစုံမှ လူအများ လာရောက်ဖူးမြှော်ကြသည်မှာ ကား များပင် ပြည့်နေပြီး အထူးစည်ကားလို့ နေလေသည်။
သတ္တသတ္တာဟခုနှစ်ဌာနပါဝင်သော မဟာဗောဓိစေတီတော်ကို အိန္ဒိယ နိုင်ငံက ကဲ့သို့ တပုံစံထဲ တည်ထားခြင်းဖြစ်လေသည်။နေပြည်တော်မယ် ဘုရားဖူးနှင့် အပမ်းဖြေ လာရောက်မည်ဆို အချိန်တစ်ရက်လောက်တော့ ပေးကြရပါလိမ့်မည်။သွားစရာ နေရာများစွာရှိပြီး တနေရာနှင့်တနေရာ ဝေးကွာနေလို့ ကြုံကြိုက်တဲ့အခါတိုင်း သွားရောက်နိုင်ပေသည်။
ဒီနေ့ sunday မှာတော့ ဘုရားသွားဖြစ်ကြတာရယ် အမျိုးတွေဆီအလည်အရောက်သွားဖြစ်ပါသေး၏။နေကြီးက ပူနေလေတော့ ထမင်းစားပြီး တအေးအိပ်ရပေဦးမည်။
Steemit မယ် စာရေးဖို့ post တင်ဖို့ နောက်ကြရခြင်းဟာ today sunday ဘုရားဖူးနှင့် အမျိုးတို့အိမ် အလည်သွားနေကြလို့ ဖြစ်ပါလေတော့၏။
S.M.T.38.