ဘွဲ့နှင်းအတွက် အဝတ်စား ဝယ်ရန် ဆိုပြီးသကာလ ပိုးထည်ဆိုင် သို့ မွေးသမိခင်နှင်အတူ သွားမိခြင်းးးးးးး
ဆိုင်ထဲကို ခြေထောက်ချမိသည်နှင့် တပြိုင်နက် (မွေးသမိခင်က ကိုယ့်နောက်မှ လိုက်ဝင်လာသည်) ဆိုင်ရှင် အန်တီ မမချောချောက ……
ညီမလေးးးးးသူတို့သမီး အတွက် အဝတ်စားဝယ်မလို့လား?
လာလာ ဒီမှာလေးတွေ သူတို့သမီးရော သူတို့သားရော
အရောင်ဆင်တူလေးတွေ ချိတ်ထမီ နှင့် ချိတ်ပုဆိုးးး
ဒါက သူတိုးသား အတွက် ပိုးတိုက်ပုံ၊ တိုက်ပုံကို ရင်ဖုံးပန်းထိုး
ကြိုက်သလား? ဒါမှမဟုတ် ရိုးရိုး ရင်စေ့ တိုက်ပုံကြိုက်သလား ? သူတို့သားက အသားဖြူသလားညီမ
တဲ့ …ဒါလေးက သခွားရောင်လေးးးးးဒါလေးက ရွှေဝါရောင်လေးးးးးး ဒါလေးက ပန်းနုရောင်လေးးးးးးးမင်္ဂလာ
အရောင်လေးပေါ့ ညီမ ရယ် တဲ့ ……
သြော် …… သူတို့သားနဲ့သူတို့ သမီးအတွက် ကတီပါဖိနပ်ဆင်တူ လေးကိုလည်း စီးကွင့် ထိုးပေးသေးတယ်တဲ့ ဘာအရောင်လေး စီးမလဲ တဲ့
ကိုယ်အခုစကားတစ်ခွန်းမှ မဟ ဖြစ်သေးးးးး မွေးသမိခင်က
ကိုယ့်အား မျက်ထောင့်နီ ကြီးဖြင့် ကြည့်လှပြီ……
သြော်……ဒါနဲ့ အစ်မတို့ ဆိုင်က မင်္ဂလာဆောင်တွေအတွက်
One stop servic လည်းပေးသေးတယ်တဲ့ prewedding အတွက် အဝတ်အစား၊ ဓာတ်ပုံ၊ ခန်းမ အပြင် အဆင် အားလုံးအတွက် တစ်နေရာထဲတင် အပြီး
ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုပါ လုပ်ပေးသေးတယ် တဲ့
ဒါက ၁၅ သိန်း၊ ဒါက ၂၀ တန်တဲ့။……………………
အန်တီရယ် အန်တီပြောလို့ပြီးပြီဆိုရင်လေ စမီးကိုလည်း
ပြောခွင့်ပေးပါအုံးးးလားလို့ လေ စမီးခုလာရတာက ဘွဲ့နှင်း
သဘင်တက်ရမှာမို့ အဝတ်စားလေး ကြည့်ချင်လို့ပါ အန်တီ ရယ် နောက်မှာ စမီးရဲ့ မွေးသမိခင်ပါ ပါလာပါတယ် ။ စမီးက အဝတ်စားမရွေးတတ်လို့ မွေးသမိခင်အား စစ်ကူ ခေါ်လာပါသည်ရှင့်။
စမီးကလေ မင်္ဂလာလည်းမဆောင်သေးပါဘူး။(ငယ်ပါသေး
တယ်) ပြီးတော့လေ စမီးရဲ့ သူတို့သားလောင်း Li Min
Ho ကလည်း ခု စစ်မှုထမ်းနေချိန်မို့ နောက် ၂နှစ်လောက်
မှ မင်္ဂလာကိစ္စအား စဉ်းစားပါ့မယ်……။
ပြီးတော့လေ ဟိုဟာ လေ မင်္ဂလာဆောင်အတွက် အဝတ်
လာဝယ်မယ်ဆိုရင်လေ … စမီး သတို့သားလောင်းနဲ့ အတူ
လာဝယ်မှာမို့ ။ ခု မွေးသမိခင်နှင့်အတူ လာခဲ့ခြင်းဖြစ်
သောကြောင့် မင်္ဂလာဆောင်အတွက် (လုံးဝ ) လုံးဝ
မဟုတ်ရပါရှင့်…… ဒါ့ကြောင့် ဘွဲ့နှင်းအတွက် အဆင်ပြေ
သင့်လျော်မည့် အဝတ်အစားကိုသာ ပြပေးပါရှင်………
ဟူးးးးးးးးးးးးးးးခုမှပဲ မွေးသမိခင်ရဲ့ မျက်နှာ ကြည်လင်သွား
လေတော့သည်……
ဆိုင်ထဲမှ အထွက်ကို ဆိုင်ရှင်အန်တီမမက ပြောလိုက်ပါ
သေးသည် … ညီမလေး ရဲ့အသက်အရွယ် အိမ်ထောင်ပြု
ဖို့ အသင့်တော်ဆုံးပဲတဲ့ ။ ပြီးတော့ မင်္ဂလာဆောင်ရင်လည်း
အစ်မ တို့ ဆိုင်ကိုသာလာခဲ့ပါတဲ့လေ ။ တစ်နေရာထဲ
အားလုံးအပြီးအစီး စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေး
အုံး မတဲ့လေ…………
ဟာကွာ ……"အပျိုဂျီး " သိက္ခာ ကျချက် က အဲ့နေရာရောက်မှ ပီပြင်သွားးးးလေတော့သည်။
ညည်းးးး ဒီအရွယ်ရောက်တာတောင် မစွံသေးဘူးလား လို့
ပြောလိုက်ပါလား အန်တီရယ်………
တော် တန် နောက်…… အဲ့ဆိုင် တစ်သက်လုံးခြေဦး
မလှည့်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Writer by@dellcrazy from myanmar
Thank all