ပျော်ရမလားလို့ သူဋ္ဌေးဖြစ်အောင် ငွေနောက်လိုက်မိပါတယ်
ပျော်ရွှင်မှူတွေ ပျောက်ဆုံးလာတယ်။
ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ရအောင် ငွေရှာရင်းနဲ့ပဲ
ဘဝအတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ချို့
ဆုံးရူံးလိုက်ရတယ်။
သူများထက်သာလွန်တဲ့ အနေအထားမျိုးရောက်အောင်
ပိုက်ဆံတွေသိမ်းကြုံးရှာရင်းနဲ့ ငွေကြေးရဲ့ကျွန်
လောဘရဲ့ သားကောင်တွေ ဖြစ်လာကြတယ်။
ဂုဏ်သိက္ခာ သြဇာကြီးတဲ့ သူဋ္ဌေးကြီးဖြစ်အောင်ကြိုးစားရင်းနဲ့
သိက္ခာမဲ့တဲ့လုပ်ရပ်တွေ လုပ်မှန်းမသိလုပ်လာမိတတ်ကြတယ်။
နောက်ဆုံး ငွေကိုတော့ ရှာလို့ရခဲ့ကြပေမယ့်
ငွေနဲ့တန်ဖိုးဖြတ်မရတဲ့ သိက္ခာ ၊ မေတ္တာတရား ၊
ပျော်ရွှင်မှူ ၊ အေးချမ်းမှူ ၊ စာရိတ္တ စတဲ့အရာတွေ
ပွန်းပဲ့ခဲ့ကြရတယ်။
လူ့ဘဝမှာ ငွေဆိုတာ အရေးပါပေမယ့် မသင့်တော်တဲ့
လောဘဇောကပ်လာခဲ့ရင် အဲ့ဒီငွေကြေးကြောင့်ပဲ
ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ ကိုယ်နဲ့အဝေးဆုံးကို
တွန်းထုတ်လိုက်သလိုဖြစ်တတ်ပါတယ်။
နောက်ဆုံး...
ဘဝရဲ့နေဝင်ချိန်ရောက်တော့ ဒါန နဲ့ သီလ မပါရင်
သေခါမှ သိဆိုသလို သဲကန္တာရ ထဲရောက်ပီး ပိုက်ဆံထုပ်ကြီးပိုက်ကာ
ရေဝယ်သောက်လို့ မရတော့တဲ့လူတစ်ယောက်လို
ဖြစ်နေတတ်ပါတယ်။
လူ့ဘဝမှာ ငွေက ထိုက်သင့်သလောက်အရေးပါပေမယ့်
ငွေနဲ့တန်ဖိုးဖြတ်မရတဲ့ အရာတွေကိုတော့ ပလုံးပေါက်နဲ့ဖားကောက်မိသလို ဖြစ်နေတတ်ပါတယ်။
သက်မဲ့ ဖြစ်တဲ့ငွေကြောင့် အသိဥာဏ်ပြည့်ဝပီး သက်ရှိဖြစ်တဲ့
လူသားတွေဘဝကို စစ်တုရင်ခုံပေါ်က ပွန်းရုပ်ကလေးတွေလို
ထားရာနေ စေရာသွား အကွက်ရွေမှားရင် အစားခံရတဲ့ ဘဝမျိုးမရောက်
စေနဲ့နော်။
ကိုယ့်ရဲ့ တန်ဖိုးကြီးလွန်းပီးနှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ စာရိတ္တကို
ငွေ ဖြင့် အလဲအလှယ် မလုပ်မိစေချင်ပါ။