အချစ်တွေနဲ့ကြုံလာသမျှကို ရင်ဆိုင်ကြမယ် လို ဂတိတွေထားခဲ့ကြတယ်
နောက်ဆုံးတော့ အချစ်ဆိုတာအလကားဘဲ ဘာပြသနာမှ မဖြေရှင်းနိုင်ပါဘူး မင်းအဆင်ပြေသလိုနေလိုက်တော့လို့ ချစ်တဲ့သူဆီက ကြားလိုက်ရတယ်
ငါ့ပြသနာ မင်းဘာလုပ်ပေးနိုင်လို့လည်း မင်းမှာ ဘာအရည်အချင်းတွေရှိလို့လည်းလို့ ထပ်ဆိုလာပြန်တယ်
နင့်ကို အကောင်းစား ချစ်ခြင်းတွေ ပေးခဲ့တယ် တန်ဖိုးထားမှု ဂရုစိုက်မှု အချိန်တွေ မာနတွေ အားလုံးငါတတ်နိုင်တာ ပေးခဲ့ပီးပီဘဲ လို့ အော်ပြောလိုက်တယ် ဒါပေမဲ့ သူမကြားလိုက်ပါဘူး ခံစားခဲ့သမျှကို စိတ်ထဲကဘဲအော်လိုက်မိလို့လေ . . .
နောက်ဆုံးတော့ ငါသိလိုက်ပါပီ
ငါ့ရဲ့ပေးဆပ်နိုင်မှုက နင့်အတွက်မလုံလောက်ဘူးဆိုတာပေါ့ . . . .
ပြောခွင့်မရှိတော့တဲ့နင့်ကို steemit ပေါ်ကနေ စကားလေးပါးလိုက်ပါရစေ
ကျန်းမာရေးဂရုစိုက်ပါ
ငါ့ကိုတော့ နင်လိုအပ်မှဘဲ သတိရပါလို့
ဆက်လက်ကြိုးစားပါအုံးမည် ။