image scurce:[Google]
အစောဆုံး Analog Computer ကို Antikythera ဟုအမည်တွင်သည့် ဂရိကျွန်းတစ်ခုတွင် ၁၉၀၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ကာ နတ္ခတ်နှင့် သက်ဆိုင်သည့်အတွက်အချက်များအတွက် အသုံးပြုခဲ့သည်။ ယင်းကိရိယာကို Antikythera Mechanism ဟုအမည်သမုတ်ခဲ့ကြသည်။ ထိုကိရိယာကို ဘီစီ၁၀၀ ခုနှစ်လောက်တွင် တီထွင်ခဲ့သည် ဟူ၍ ပညာရှင်များက သတ်မှတ်ကြသည်။Antikythera Mechanism ၏ အပိုင်းအစတစ်ခုAstrolabe ဟုခေါ်ဆိုသည့် နက္ခတ်တာရာ သုံးကိရိယာတစ်မျိုးကို ဂရိ နက္ခတ်ပညာရှင် Hipparchus သည် ဘီစီ ၁ ရာစု လောက်တွင်တီထွင်ခဲ့သည်။ အခက်အခဲ ပြဿနာအတော်များများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်သည့် စွမ်းအားမြင့် စက်ယန္တရား ဖြစ်ကာ Hellenistic လူမျိုးများကြားတွင် ရေပန်းစားခဲ့သည်။မွတ်စလင် နက္ခတ်တာရာ ပညာရှင် များသည် အလားတူ Astrolabe ကိရိယာများကို နက္ခတ်တာရာအတွက် လည်းကောင်း၊ ဗေဒင်ပညာအတွက် လည်းကောင်း၊ ရေကြောင်းသွားလာမှုအတွက် လည်းကောင်း အမျိုးမျိုး တီထွင်ခဲ့သည်။ပါရှန်း သိပ္ပံပညာရှင် Abu Rayhan Biruni ဆိုသူသည် စက်သွားများ (Gears) များဖြင့် ရွေ့ရှားနိုင်သည့် Astrolabe ဖြစ်သော Lunisolar Calendar ကို တီထွင်ခဲ့သည်။ ခွေးသွားစိပ်များ၊ ဝါယာကြိုးများ အသုံးပြုကာ ရွေ့ရှားနိုင်သည့် အစောပိုင်း Astrolabe ကိရိယာ များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ Planisphere ဟုခေါ်သည့် Star Chart ကိုလည်း Abu Rayhan Biruni သည် အေဒီ ၁၁ ရာစု ဝန်းကျင်တွင်တီထွင်ခဲ့သည်။အာရပ်နက္ခတ်ပညာရှင် Abū Ishāq Ibrāhīm al-Zarqālī သည် Equitorium ဟုခေါ်သည့် Astrolabe ကိရိယာတစ်ခုကို အေဒီ ၁၀၁၅ ဝန်းကျင်တွင် Al-Andalus တွင်တီထွင်ခဲ့သည်။အစ္စလာမ်မစ်ရွှေခေတ်၏ တီထွင်ပါရဂူ Abū al-'Iz Ibn Ismā'īl ibn al-Razāz al-Jazarī သည် နက္ခတ်တာရာများ ၏ သတင်းအချက်အလက်များကို ပြသနိုင်သည့် Astronomical Clock အမျိုးအစားဖြစ်သည့် Castle Clock ကို အေဒီ ၁၁၅၀ နှင့် ၁၂၀၀ ကြားတွင် တီထွင်ခဲ့သည်။ ၎င်းသည် ကမ္ဘာ၏ ပထမဆုံးသော Programmable Analog Computer ဖြစ်သည်။Equation များကိုဖြေရှင်းနိုင်သည့် Differential Analyser ခေါ် စက်မှုစွမ်းအင်သုံး Analog Computer ကို ဗြတိသျှ အင်ဂျင်နီယာ James Thomson က အေဒီ ၁၈၇၆ တွင်တီထွင်ခဲ့သည်။၁၉၁၂တွင် Arthur Joseph Hungerford Pollen သည် လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်ကာ စက်မှုစွမ်းအင်သုံး Analog Computer ကို Differential Analyser အပေါ်တွင်အခြေပြကာ Fire-control system အတွက်တီထွင်ခဲ့သည်။ ၎င်း ကိရိယာကို ပထမကမ္ဘာစစ်အတွင်း Russia Imperial Navy ကအသုံးပြုခဲ့သည်။ MONIAC =Monetary National Income Analogue Computer ဟုခေါ်သည့် Hydraulic ဆီ သို့မဟုတ် ရေဖိအား သုံးသည့် Analog Computer အမျိုးအစားကို ၁၉၄၉ တွင် Phillips Hydraulic Computer မှ တီထွင်ခဲ့သည်။အမေရိကန် နိုင်ငံရှိ Heath Company မှ ပညာရေးဆိုင်ရာ Heath Kit EC-01 ကို ၁၉၆၀တွင် တီထွင်ခဲ့သည်။ Analog Computer ဆိုသည်မှာ ဟိုက်ဒရောလစ် အား၊ လျှပ်စစ်စွမ်းအား ၊ စက်မှု စွမ်းအား စသဖြင့် ရူပသဘောတရားများဖြင့် လှုပ်ရှားမှုဖြစ်စဉ်များ ဖြစ်စေခြင်းဖြင့် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်သော စက်ပစ္စည်း တစ်မျိုးပင်ဖြစ်ပါသည်။
image source:[Google]