အာဏာကျည်ဆံ၊ငွေကျည်ဆံ၊
...
စစ်အာဏာရှင်များဟာ
ရဟန်းရှင်လူကျောင်းသားပြည်သူ
မည်သူ့ကိုမဆို သူ့ကိုတော်လှန်သူမှန်သမျှကို
အာဏာကျည်ဆံနဲ့ အပြတ်ရှင်းလေ့ရှိပါ
တယ်။သူကိုမတော်လှန်ရဲအောင် သေနတ်တွေနဲ့ပစ်သတ်ပြတယ်။
ဖမ်းဆီးထောင်ချ နည်းမျိုးစုံဖြင့်နှိပ်စက်တယ်။နှစ် ငါးဆယ် နှစ် ခုနှစ်ဆယ်
နှစ်တစ်ရာ စသည်ဖြင့် နှစ်ရှည်ထောင်ဒဏ်တွေချကာ နှိပ်စက်တယ်။
သူတို့ဘယ်လိုပဲ နှိပ်စက်နှိပ်စက် နည်းလေးမှ နောက်မတွန့်
ကြောက်ရွံ့ခြင်းမရှိပဲ ထောင်ကထွက်တာနဲ့ အာဏာရှင်တော်လှန်ရေး
လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြပါတယ်။
အာဏာရှင်တွေကလည်း သူတို့ကိုတော်လှန်တဲ့သူတွေကို
အာဏာကျည်ဆံနဲ့ပစ်မရသည့်အခါ ငွေကျည်ဆံနှင့်ဆက်ပစ်ပါတယ်။
ဘာလိုသလဲ လိုတာမှန်သမျှအကုန်ပေးမယ်။သူတို့ကိုမတော်လှန်ပါနဲ့
သူတို့နဲ့ပူးပေါင်းပါဆိုတော့ တချို့လူတွေဟာ
အာဏာကျည်ဆံကို ဒူးမထောက်လက်မမြှောက်
အနိုင်မခံအရှုံးမပေး တွန်းလှန်တိုက်ပွဲဝင်ကာ ရှောင်နိုင်ခဲ့ပေမဲ့
စည်းစိမ်ချမ်းသာဆိုတဲ့ ငွေကျည်ဆံရဲ့နဲ့ပစ်လိုက်လို့
ငွေကျည်ဆံကို မရှောင်လွဲနိုင်ပဲ
တိုက်ပွဲကျသွားရသူတွေဟာ အများကြီးပါပဲ။
ငွေကျည်ဆံနဲ့အပစ်ခံရလို့ တိုက်ပွဲကျသွားတဲ့အထဲမှာ
အချို့သောဘုန်းကြီးတွေလည်းပါပါတယ်။
အာဏာရှင်တွေက ဘွဲ့လက်မှက်ကြီးတွေဆက်ကပ်တယ်။
သုံးထပ်ကျောင်း ငါးထပ်ကျောင်း ရွှေကျောင်းကြီးတွေ
ဆောက်လုပ်လှူဒါန်းတယ်။
ဘုရားတွေတည်ပြတယ်။ အဲဒီဆရာတော်လိုတာမှန်သမျှ
အကုန်ရဆိုသလို တချို့ဆို မာတုဂါမတွေတောင်
ဆက်သလိုက်ကြတာရှိပါသေးတယ်။
သူတို့ကျောင်းတွေမှာ နှစ်လုံးသုံးလုံးဘောလုံး
လောင်းကစားဝိုင်းမှန်သမျှ
အကုန်ဖွင့်ခွင့်ပေးပါတယ်။
ဒါတွေဟာ တိုင်းသူပြည်သားတွေရဲ့ ဘဏ္ဍာတွေနဲ့လာပြီး လာဘ်ထိုးနေ
ကြတာပါလား ဒါဟာငါတို့ကို ငွေကျည်ဆံနဲ့ လာပစ်နေတာပါလို့မမြင်ကြ
တဲ့အခါမှာ ရင်ဝကိုတည့်တည့်ကြီးမှန်ကာ နာမည်ပျက်နဲ့ ကျဆုံးသွားကြ
ရတဲ့သူတွေမနည်းလှပါဘူး။
တချို့ဆရာတော်တွေဆို ငွေကျည်ဆံနဲ့အမှန်မခံခင်က
အာဏာရှင်တွေကို
ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ လက်တီးလက်မောင်းတန်းကာ
ပြောဆိုနေကြပေမဲံ့ အာဏာရှင်လှူတာမှန်သမျှလက်ခံပြီးတဲ့နောက်မှာတော့
သူတို့ရဲ့ စကားသံတွေဟာ သိသိသာသာကြီးပြောင်းသွားပါတယ်။
တချို့ဆို သူတို့ဆီကလည်းရပြီးရော
အရှက်မရှိ ဖောက်လွဲဖောက်ပြန်ပြောကြတာက
ဒီကောင်တွေက တကယ်ပေါင်းကြည့်တော့
ထင်သလောက်မဆိုးဘူးကွတဲ့
သူတို့လည်း သာသနာပြုနေကြတာပဲတဲ့ ဒီလိုဒီလို လေသံပြောင်းကာ
အာဏာရှင်ပစ်လိုက်တဲ့ ငွေကျည်ဆံကို မရှောင်လွဲနိုင်ပဲ
အာဏာရှင်ခိုင်းတာမှန်သမျှလိုက်လုပ်ကာ နာမည်ပျက်နဲ့
ပျံလွန်တော်မူသွားကြရတဲ့ ဘုန်းကြီးတွေလည်းရှိနေသည့်အတွက်
အာဏာကျည်ဆံ ငွေကျည်ဆံ ဘယ်ကျည်ဆံမှ မမှန်ရလေအောင်
သတိထားရှောင်ရှားနိုင်ကြပါစေ...
ကိုယ်စိတ်နှစ်ပါး ဘေးဘယကာဝေးကွာ၍ ကျန်းမာချမ်းသာကြပါစေ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)