WowBox ပရိသတ်တွေအတွက် ကံကြမ္မာဟောစာတမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း ငွေအထူးရွှင်မယ်။ နိုင်ငံခြား ၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့အလုပ်တွေ အောင်မြင်မယ့်အချိန် ဖြစ်ပါတယ်။ အိမ်အဆောက်အဦးကိစ္စအောင်မြင်မယ်။ အထည် ၊ ထီး ၊ ဖိနပ် ၊ လျှပ်စစ်ပစ္စည်း ၊ ထီ ၊ ကား ၊ ကျောက် ၊ ကွန်ပျူတာ ၊ ကင်မရာ ၊ ကြက် ၊ ငါးအလုပ်တွေ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ အိမ်ထောင်ရှင်တွေအဖို့ အဆင်မပြေမှုတွေ များနေတတ်ပါတယ်။ ချစ်သူရည်းစားတွေအတွက်ကတော့ ကြည်နူးချမ်းမြေ့ဖွယ်သတင်းကောင်းတွေ ကြားရတတ်တဲ့ ကိန်းမျိုးပါပဲ။ ရှေ့ဆုံးမှာ ၂၇ အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်တွေ ရှာပြီးထိုးသင့်ပါတယ်။
တနင်္လာသားသမီးများ
ဒီရက်အတွင်း စိတ်လေ စိတ်နှစ်ခွဖြစ်စရာတွေ ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။ အထင်လွဲစွပ်စွဲခံရတာ ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ၀န်ထမ်း ၊ ရာထူး ၊ နိုင်ငံခြားကိစ္စတွေကတော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူရည်းစားများအနေနဲ့ လမ်းခွဲရမတတ်ဖြစ်တာ ၊ ခွဲခွာနေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အကြောအဆစ် ၊ အစာမှားဆေးမှား ၊ သွား ၊ သွေး ကျန်းမာရေးသတိထားဖို့လိုပါတယ်။ ထီဝါသနာပါရင် ၅၇ ပူးနေတဲ့ ဂဏန်းရှေ့ကထားပြီးထိုးပါ။
အင်္ဂါသားသမီးများ
ဒီရက်အတွင်း အစစအရာရာ သတိကြီးစွာထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်းနေသလိုဖြစ်နေပါတယ်။ ဆီး ၊ မျက်စိ ၊ နား ၊ နှာခေါင်း ၊ အစာအိမ်ဒုက္ခပေးတတ်ပါတယ်။ အိမ်ကိစ္စ ၊ အဖိုးတန်ပစ္စည်းဝယ်ရောင်း ကိစ္စတွေ အောင်မြင်မယ်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ဖက်ရဲ့ သတင်းကောင်းကြားရတတ်ပါတယ်။ ချစ်သူရည်းစားတွေအတွက်ကတော့ ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုးဖြစ်နေပါတယ်။ ထီဝါသနာပါရင် ၁၆ အတွဲလိုက်ပူးနေတဲ့ ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။
ဗုဒ္ဓဟူးသားသမီးများ
ဒီရက်အတွင်း အိမ် ၊ ဆိုင် ၊ စက် ၊ အသုံးအဆောင်သစ်တွေ တစ်ခုပြီးတစ်ခု ၀င်လာတတ်ပါတယ်။ ခရီးသွားလာရေးကိစ္စအလွဲလွဲ အချော်ချော်ဖြစ်နေတတ်ပါတယ်။ နိုင်ငံခြားရပ်ဝေးနဲ့ပတ်သက်လို့ မထင်မှတ်ပဲ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အိမ်ထောင်ရှင်တွေ အထစ်အငေါ့တွေ ပြေလည်သွားမယ်။ ချစ်သူရည်းစားတွေ ကံနိမ့်နေတဲ့ ကိန်းမျိုးဖြစ်ပါတယ်။ ထီဝါသနာပါရင် ၁၃ အတွဲလိုက်ပူးနေတဲ့ ဂဏန်း ရှေ့မှာထားပြီး ထိုးပါ။
ကြာသပတေးသားသမီးများ
ဒီရက်အတွင်း ထွက်နေ ဆုံးရှုံးနေတာတွေ ပြန်ရတတ်ပါတယ်။ ငွေဟောင်း ၊ ပစ္စည်းအဟောင်း ၊ အလုပ်ဟောင်း ၊ နေရာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ ပြဿနာဟောင်း ၊ ရောဂါဟောင်းတွေလည်း ပြန်ပေါ်လာတတ်ပါတယ်။ ငွေတအားရွှင်မယ်။ ရတနာပစ္စည်းတွေ ၀င်တတ်တယ်။ ဆီး ၊ မျက်စိ ၊ အစာအိမ် ၊ သွား ၊ သွေး ဂရုစိုက်ပါ။ အိမ်ထောင်ရှင်တွေ ကောင်းတဲ့ခွဲခြင်း ကြုံရတတ်ပါတယ်။ ငယ်ရွယ်သူတွေအတွက်ကတော့ မင်္ဂလာလမ်းပွင့်တဲ့အချိန်ဖြစ်ပါတယ်။ ထီဝါသနာပါရင် ၂၄ အတွဲလိုက်ပူးနေတဲ့ ဂဏန်း ရှေ့မှာထားပြီး ထိုးပါ။
သောကြာသားသမီးများ
ဒီရက်အတွင်း အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အခါသမယပါပဲ။ စပ်တူရှယ်ယာအလုပ် ၊ ပြည်တွင်းပြည်ပခရီး ၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ချစ်သူရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေပါတယ်။ ထီထိုးမယ်ဆိုရင် ရှေ့မှာ ၃၅ ပူးနေတဲ့ ထီလက်မှတ်တွေထိုးသင့်ပါတယ်။
စနေသားသမီးများ
ဒီရက်အတွင်း လုပ်ငန်းသစ်စခြင်း ၊ နေရာပြောင်းခြင်း ၊ အခြေအနေပြောင်းတဲ့ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ၊ ပြည်ပခရီးတွေ အောင်မြင်မယ်။ ငွေတအားဝင်ပြီး တအားထွက်နေပါလိမ့်မယ်။ ၀မ်းဗိုက် ၊ ဦးခေါင်း ၊ အဆစ်အမြစ် ၊ ကျန်းမာရေးဂရုစိုက်ဖို့လိုပါတယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှာ ၄၆ ပူးနေတဲ့ ဂဏန်းကို ထိုးပါ။
ထိပ်တန်းဆောင်းပါးများ ဖတ်ရှုလိုပါက
အမေများနေ့မှာ မာတာမိခင်ကို ဘာလက်ဆောင်ပေးကြမလဲ
သိပ်ကိုအသုံးဝင်တဲ့ သံပရိုသီး
အမေ့ကိုပြောချင်တဲ့ စကားလေးတစ်ခွန်း