မျက်ရည်ဆိုတာ နှလုံးသားက စီးဆင်းလာတဲ့
ဝမ်းနည်းခြင်းရဲ့ သင်္ကေတဖြစ်သလို
လွမ်းဆွေးခြင်းရဲ့ အဖော်ပါ။
ကိုယ်တန်ဖိုးထားရသူအတွက် ဒေါသ အစား
ကြိတ်မှိတ်အစားထိုးခံခဲ့ရတဲ့ ကြားခံပစ္စည်းက
မျက်ရည်ဖြစ်နေတတ်သလို ကြည်နူးမှူတို့အတွက်
နှလုံးသားက လက်ခုပ်သဖွယ် လက်ခုပ်တီးပေးတာကလည်း
မျက်ရည်ပါ။
အပြုံးဆိုတာကတော့ ဝမ်းနည်းလည်းပြုံးလို့ရတယ်
စိတ်တိုလည်း ပြုံးလို့ရတယ်
ပျော်ရွှင်လို့ ပြုံးတတ်ကြသလို ဟန်ဆောင်ဖုံးဖိချင်လို့
ပြုံးပြတာတွေရှိနေတတ်တယ်။
အပြုံးဆိုတာက အခြားသူကို ကိုယ့်ကြောင့်စိတ်မဆင်းရဲစေချင်လို့
ပြုံးပြတာတွေ ရှိနေတတ်သလို ကိုယ့်ရဲ့ အရှုံးအတွက်
ပြန်လည်အားတင်းတဲ့ မာနလည်း ဖြစ်နေတတ်တယ်။
အပြုံးဆိုတာ အကြောင်းအမျိုးမျိုးကြောင့်
လူတိုင်းအပေါ် ပြုံးပြလို့ရတတ်ပေမယ့်
မျက်ရည်ကတော့ ဟန်ဆောင်မှူကင်းစွာ
ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့ အရာတွေကြောင့်ပဲ
ငိုကြရတာက များပါတယ်။