မန်မာကားတွေ နိုင်ငံတကာကို ထိုးဖောက်ချင်ရင် ဘာမှကြီးကြီးကျယ်ကျယ်တွေ လျှောက်လုပ်ပြနေစရာ မလိုပါဘူးဗျာ လွယ်လွယ်ကလေးရယ်
ရုပ်ရှင်ထုတ်လုပ်သူတွေအတွက်ရော
ဒါရိုက်တာတွေအတွက်ရော
သရုပ်ဆောင်တွေအတွက်ပါ
#အရင်းအနှီးနည်းနည်းနဲ့ အမြတ်များများရမယ့်
ဇာတ်လမ်းတစ်ခုကို စဉ်းစားမိလို့ပါ
လေယာဉ်ပြန်ပေးဆွဲ တာတွေရိုက်ရင်
အကုန်အကျများမယ် လေယာဉ်နဲ့သိပ်ပြီးမရင်းနှီး
ကြတဲ့အတွက် သရုပ်ဆောင်တာတွေပီပြင်မှာမဟုတ်
လို့မရိုက်ပါနဲ့ ကျွမ်းကျင်သူတွေကရိုက်ပြီးသွားပါပြီ
GALAXYကားတွေလား? မရိုက်ပါနဲ့ဦး
မြန်မာတွေ ဘယ်သူမျှ အာကာသထဲကိုမရောက်ဖူး
သေးလို့ အာကာသအကြောင်းကို သိမှာမဟုတ်လို့
ကမ္ဘာတောင် သူများလုံးလို့လိုက်လုံးနေရတာလေ
CAR အကောင်းစားတွေနဲ့ ခပ်မိုက်မိုက်
ဘဏ်ဓားပြဇာတ်ကားတွေလား? မရိုက်ပါနဲ့
ခင်ဗျားတို့အတွက် သောက်လုပ်ရှုပ်လိမ့်မယ်လေ
ရိုက်ပြစရာ ဘဏ်အတုလည်းဖန်တီးတတ်မှာမဟုတ်
လို့လေ
ပြောချင်တာက
အခုထိလွတ်လပ်ရေးမရသေးတဲ့လူတွေရော
၄၀ကျော်ကျောင်းသားတွေရော
ကုတင်ပေါ်ကမဆင်းတဲ့ ဘီးကျဲတွေရော
ရေကန်ထဲပဲဆင်းပြချင်နေတဲ့ရေစိမ်မင်းသမီးရော
ကန်းခြေမှာ ရေကူးဝတ်စုံနဲ့ စမူဆာပြချင်သူတွေရော
ယောင်တတ်တဲ့အခန်းကလေးတွေ ပါ
အားအားလုံးပေါ့လေ ပြုပြင်ကြပြီး အကုန်အကျသက်သာစေမယ့် ပြည်တွင်းဖြစ်ဇာတ်ကားလေးတစ်ခုခုကို ရိုက်ကြည့်ကြပါလား ဗျာ
{ဆိုက္ကားပြန်ပေးဆွဲ}တဲ့ကားရိုက်ဗျ ဘာမှမကုန်ဘူး
အကုန်အကျသက်သာတယ်
{ကုန်ခြောက်ဆိုင်}ဖောက်ထွင်းတဲ့ကားရိုက် လွယ်တယ်လေ
{ကွမ်းယာဆိုင်}ဓားပြတိုက်တဲ့ကားရိုက်
အကုန်အကျသက်သာသလို ကျွမ်းကျင်ကြမှာပါ
{ထန်ပင်ပေါ်က ထန်းရည်တက်ခိုးသောက်တဲ့ကား}
မျိုးဆို ဘယ်လောက်များ သည်းထိတ်ရင်ဖိုစရာကောင်းလိမ့်မလဲဗျာ စဉ်းစားကြည့်လေ
အမြင့်ကြီးကိုတက်ရမှာရယ် မူးကြောင်မူးကြောင်နဲ့
အောက်ပြန်ဆင်းနေတာကို ဘယ်တော့ပြုတ်ကျမလဲဆိုပြီးတော့ ရင်တမမနဲ့ ကြည့်ရမှာဗျ😃😃
ပည်တွင်းဖြစ်တွေကိုပဲ သက်သာချောင်ချိရေး
လမ်းစဉ် နဲ့ရိုက်ကြပါလို့ အသိပေးချင်ပါရဲ့။