"စွန့်ကြဲပေးကမ်းခြင်းသည်လည်း မင်္ဂလာတစ်ပါး"ပါပဲ။ ဒါပေမယ့် မင်္ဂလာမရှိအောင် ပြုလုပ်နေကြသူတွေလည်း ရှိပါတယ်။
လူဦးရေထူထပ်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါများလာပါပြီ။သို့သော် အလုပ်ရှားပါးမှုကတော့ ခြွင်းချက်လို ဖြစ်နေပါတယ်။အလုပ်အကိုင်တွေ ပေါများရဲ့သားနဲ့ အလုပ်လက်မဲ့တွေ များလာတာကတော့ မပြောလိုတော့ပါဘူး။ဘာကြောင့်ဆိုတာ သိနေပြီးသားပါ။
အဓိကပြောချင်တာကတော့ အလုပ်လက်မဲ့တွေ ပေါများလာတာကြောင့် လူတစ်ချို့က ငွေကိုအလွယ်လိုက်ကြတာပါပဲ။မတရားသောနည်းတွေဖြင့် ငွေကိုရှာလာကြတာပါပဲ။ဥပဒေနှင့် ဆန့်ကျင်၍ဖြစ်စေ မဆန့်ကျင်၍ဖြစ်စေ ငွေရှာလာကြတာပဲ။ဥပဒေနှင့် ဆန့်ကျင်ပြီးငွေရှာသူတွေကိုတော့ အချိန်တန်၍ ဥပဒေက ဆုံးမသွားမှာပါ။
ဒါဆိုဥပဒေဘောင်အတွင်းက မတရားသောနည်းဖြင့် ငွေရှာနေသူတွေကို ဘယ်သူကဆုံးမမှာလဲ။"ဥပဒေဘောင်အတွင်းက မတရားသောနည်းဖြင့် ငွေရှာခြင်းကတော့ တောင်းရမ်းစားသောက်ခြင်း"ပါပဲ။လူတွေရဲ့စေတနာသဒ္ဓါတရားကို လက်တစ်လုံးခြား ပြုလုပ်ပြီး ငွေရှာနေကြတာပါ။"စွန့်ကြဲပေးကမ်းခြင်းဟာ မင်္ဂလာတစ်ပါး"လို့ မှတ်ယူပြီး လူတွေကလည်း သိသိရက်နဲ့အလိမ်ခံနေရပါတယ်။
"ဘာအလုပ်မှမရှိရင် တောင်းစားမယ်ကွာ"ဆိုပြီးခံယူထားတဲ့ လူတွေကို အထင်သေးမိပါတယ်။ လူဆိုတာခြေနှစ်ဖက် လက်နှစ်ဖက်ရှိနေသရွေ့ အလုပ်တွေကတော့ ရှိနေမှာပါ။မိမိမှာ ကိုယ်လက်အင်္ဂါ ပြည့်စုံပါရက်နှင့် သူတစ်ပါး၏ငွေကို အလွယ်တကူတောင်းရမ်းခြင်းဟာ အလွန်ကို စိတ်ပျက်ဖွယ်ပါ။ သူတစ်ပါး၏ငွေကို အချောင်လိုချင်သူများသည် မည်သို့နည်းနှင့်မျှ ဖြူစင်သောငွေကို ရရှိမည်မဟုတ်ပေ။
သို့သော် ကိုယ်လက်အင်္ဂါပြည့်စုံပါရက်နှင့် တောင်းရမ်းစားသောက်နေသော အချို့သောလူများကို ကျွန်မလေးစားပါသည်။ထိုလူများသည် မိမိတို့တတ်စွမ်းသမျှ အတတ်ပညာတစ်ခုကို အသုံးပြု၍ တောင်းရမ်းနေသူများဖြစ်သည်။ဥပမာ မိမိတို့တတ်စွမ်းသော မယ်ဒလင်လေးတီး၍ တေးသီချင်းသီဆိုကာ တောင်းစားနေသောသူများကို ကျွန်မသည် အများနည်းတူ အလုပ်လုပ်နေသူများဟုသာထင်မိသည်။"အကြွေလေးများပေးပါ"ဟု တောင်းနေသော သူများ၏ငွေထက် မိမိ၏ဂီတသံကို သဘောကျနှစ်သက်သူများက ပေးကမ်းသောငွေသည် ဖြူစင်သကဲ့သို့ ပေးကမ်းသူများအတွက်လည်း မင်္ဂလာတရားနှင့် ညီမည်ဖြစ်သည်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003