ရာခိုင်နှုန်းပြည့် ရိုးသားမှုနဲ့ကိုယ့်ဘဝကို
အဆင်ပြေအောင် နေလို့ရတယ်ဆိုတာကို
ယုံကြည်သူနဲကျပါတယ်။မုသားမပါ လကာၤမ
ချော ဆိုတာကို လက်ခံတဲ့သူ၊ကျင့်
့သုံးတဲ့သူသာ မိမိပတ်ဝန်းမှာပိုများပါတယ်။
ဘာဖြစ်လို့လဲလို့ မေးခွန်းမေးမယ်ဆိုရင်
ကြောက်လို့ဖြေကြမယ်ထင်ပါတယ်။ဘာကို
ကြောက်တာလဲဆိုရင် မရမှာကိုကြောက်
တယ်။ဘာကိုမရမှာကြောက်တာလဲဆိုရင် ခင်
မင်မှုမရမှာကြောက်တယ်၊ကျောင်းသားတွေ
ဆိုရင်လည်း အမှတ်များများ မရမှာကြောက်
မယ်၊လုပ်ငန်းလုပ်ကိုင်နေသူဆိုရင်ေ
ငွေများများမရမှာကိုကြောက်မယ၊် မတိုးတက်
မှာကိုကြောက်မယ်။အာ့လိုမျိုး ကြောက်စိတ်
ကြောင့် ရိုးသားမှုကိုဖုံးကွယ်မိပြီး
မုသားမပါလကာင်္မချောဆိုတဲ့ ဆောင်ပုဒ်ကို
လက်ကိုင်ထားနေကြပါတယ်။အာ့လိုမျိုး
ကြောက်စိတ်ဝင်နေသူများကိုလည်း တစ်ခုလောက် မေးချင်ပါတယ်။လူအများရဲ့ ထိုက်
ထိုက်တန်တန် ယုံကြည်မှုမရမှာကိုရော
မကြောက်ဘူးလား။မရိုးသားတဲ့သူ၊မယုံကြည်
ရတဲ့သူလို့ အထင်ခံရမှာမကြောက်ဘူးလား...။
Photo Credit##Google Photo
MSU-035